လျော်ကြေးပေးရေး တရုတ် ကုမ္ပဏီနဲ့ ရခိုင်တောင်သူတွေ သဘောတူပြီ
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေတွေ ပျက်စီး ဆုံးရှုံး နစ်နာခဲ့ရတဲ့တောင်သူတွေ ကို ထိုက်သင့် တဲ့လျော်ကြေးတွေပေးနိုင်ဖို့အတွက် CNPC ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းစု MOGE ကတာဝန်ရှိသူတွေနဲ့ ဒေသခံတောင်သူ ကိုယ်စားလှယ်တွေ ဒီနေ့ သဘောတူလိုက် ကြပါတယ်။
-
2016-06-11 -
-
-
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးနစ်နာ ခဲ့ရတဲ့တောင်သူတွေကို ထိုက်သင့် တဲ့လျော်ကြေးတွေပေးနိုင်ဖို့အတွက် CNPC ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းစု MOGE ကတာဝန်ရှိသူတွေနဲ့ ဒေသခံတောင်သူ ကိုယ်စား လှယ်တွေ ဒီနေ့ သဘောတူလိုက်ကြ ပါတယ်။
ဒီနေ့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာပြုလုပ်တဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြရာမှာ တောင်သူတွေပါဝင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ အမ်းမြို့နယ် ပိုက်လိုင်းရေး ရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင်က ပြောပါတယ်။
"မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ MOGE ရယ်၊ ဒီဘက်က တရုတ်ကိုယ်စားလှယ်နှစ်ယောက်ပါပါတယ်၊ ကျနော်တို့ တောင်သူကိုယ်စားလှယ် ကျနော်အပါအဝင် ၄ ယောက်ပါ၊ တွေ့ဆုံမှုကတော့ ကော်မတီ တစ်ရပ် ကို တရားဝင်ဖွင့်ခွင်ပေးလိုက်တာနဲ့ တောင်သူကိုယ်စားလှယ်ပါတဲ့အတွက်ကြောင့် တောင် သူတွေဘက်က ကောင်းမွန်တဲ့ရလဒ်တွေဖြစ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်"
ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်အပေါ်မှာ ကုမ္ပဏီဘက်က လိုက်လျောဖြေရှင်းသွားဖို့ သဘောတူခဲ့ကြတယ်လို့ လည်း ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကိုသွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ကြောင့် အမ်းမြို့နယ်အတွင်းမှာ မြေယာဧကပေါင်း ထောင်နဲ့ချီ နစ်နာဆုံးရှုံးခဲ့ရသလို လူပျိုချောင်း၊ ခမောင်းချောင်း၊ သာယာကုန်း၊ ပတ်ကွေ့ စတဲ့ကျေးရွာ ၄ ရွာ ပြောင်းရွှေ့ခံခဲ့ရပါတယ်။
နစ်နာဆုံးရှုံးတဲ့ တောင်သူတွေအတွက် ကုမ္ပဏီက မြေယာလျော်ကြေးနဲ့ သီးနှံလျော်ကြေးတချို့ ပေးဆောင်ရာ မှာ ငွေကြေးဖြတ်တောက်ခံရတာတွေနဲ့ အမှန် တကယ်နစ်နာတဲ့တောင်သူအများစုက လျော် ကြေးမရတာတွေ စတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဒီကိစ္စအပေါ်ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့မေလက ရခိုင်ပြည်နယ်အစိုးရထံ တောင်သူတွေက တင်ပြတောင်း ဆိုခဲ့ပေမယ့် ဖြေရှင်းမပေးတာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ကို ချီတက်ဆန္ဒပြဖို့ ပြင်ဆင်နေ ကြရာမှာ တောင်သူကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဒီနေ့ သဘောတူညီမှုရခဲ့တာလို့ လည်း ပြောပါတယ်။
တောင်သူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးဖို့ ဒီနေ့တွေ့ဆုံပွဲ ရဲ့ဆုံးဖြတ် ချက်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒီနေ့ စာပေးပို့ လိုက်တယ်လို့လည်း ပြောပါတယ်။