ရခိုင်ရေဘေး သေဆုံးသူ ၅၀ ကျော် သွားပြီလို့ ပြည်နယ်အစိုးရပြော
ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင် ၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ် ၅ မြို့နယ်ကို အရေးပေါ်ကယ် ဆယ်ရေးဆောင်ရွက်ရမယ့် မြို့နယ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြော ပါတယ်။
-
2015-08-05 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော ၊ မြောက် ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ် ၅ မြို့နယ်ကို အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ် ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။ အဲဒီမြို့နယ် ၅ ခု ဟာ ရခိုင် ပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်တွေဖြစ်တာကြောင့် အခုလိုသတ်မှတ်ထားတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
"ဘူးသီးတောင်၊ မောင်တောဆိုရင် လေတိုက်တဲ့ဒဏ်အများဆုံးခံရတယ်၊ နောက်ပြီးတော့ ဘူးသီးတောင် ဆိုရင် ရေမြုပ်တဲ့ဒဏ်ကိုအများဆုံးခံရတယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဆိုရင်တော့ ရေတက်တဲ့ ဒဏ်တွေကို အများဆုံးခံလိုက်ရတော့ ပျက်ဆီးဆုံးရှုံးမှုများတဲ့ ၅ နေရာကို ဆွဲထုတ်ပြတာပါ၊ လေယာဉ်တွေ နဲ့ တစ်နေ့ကို ၄၊ ၅၊ ၆ ခေါက်လောက်တော့ပို့နေတယ်၊ အလှူရှင်တွေလည်းရှိတယ်၊ နိုင်ငံတော်ကလည်း ပါတာပေါ့၊ မြို့နယ်အသီးသီးက တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့သွားပြီးတော့ ဝေငှဖြန့်ဖြူးပေးနေတာပါ"
ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းနီးပါးနဲ့ စာသင်ကျောင်း ၂၀၀ ကျော်၊ ဘုန်းကြီး ကျောင်း ၁၀၀ နီးပါး၊ လယ်ယာမြေ ဧကပေါင်း တစ်သိန်းခုနှစ်သောင်းကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရေဘေးသင့်ဒေသတွေကို ရဟတ်ယာဉ် ၅ စီး၊ တပ်မတော်ရေယာဉ် ၅ စီးနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေရာ တချို့လေယာဉ် မဆင်းနိုင်တဲ့ နေရာတွေမှာ ဆန်နဲ့ စားနပ် ရိက္ခာတွေကို ရဟတ်ယာဉ်ပေါ်က ပစ်ချပေးနေပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေကို မနက်ဖြန် လာရောက်ကြည့်ရှုမယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ မနေ့ညက ရခိုင်ပြည် နယ် ရေဘေးဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁သိန်းလှူဒါန်းလိုက်ပြီး မြောက်ဦးမြို့က ရေဘေး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်သံအမတ်ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အလှူငွေပေးအပ် ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခရောက်နေတဲ့ ဒေသတွေ ပြန်လည်ထူထောင်နိုင်ရေး အတွက် တရုတ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင် ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက ရေဘေးကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ဟာလည်း မနေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး လိုအပ်ရင် ရခိုင်ပြည်နယ်ကို ရောက် ရှိနိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလမ်းကြောင်းထဲမှာ ပါဝင်နေပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင် နိုင်အောင် မြန်မာအစိုးရနဲ့ ဆွေးနွေးနေတယ် လို့ ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အရေးပါတဲ့ စီမံကိန်းဖြစ်တယ်လို့ Mr. Hong Liang က ပြောပါတယ်။
စစ်တွေမြို့တဝိုက်က ရေဘေးအခြေအနေကို မနေ့က သွားရောက်လေ့လာခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့ အဖွဲ့အစည်းက ကိုဂျင်မီကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။