ရခိုင်ဒုက္ခသည်တွေနဲ့ရပ်မိ ရပ်ဖတွေကို ပြင်သစ်သံ အမတ်ကြီး တွေ့ဆုံ

အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေးလက် မှတ်ရေးထိုးပွဲကို ဗြိတိန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနေ့က လန်ဒန် မြို့ မြန်မာ သံရုံးရှေ့မှာကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး HE.Mr Thierry MaThow ကို ဇွန်လ ၁၉ ရက်နေ့က စစ်တွေမြို့ဒေသခံတွေနဲ့အတူ တွေ့ရစဉ် Photo:Min Thine Aung / RFA

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr Thierry MaThow  ဟာ ရခိုင်ပြည်နယ်ကို အကူအညီပေးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး မနေ့က စစ်တွေမြို့မှာရှိတဲ့ ရခိုင်နဲ့ မွတ်စလင် ရပ်မိရပ်ဖတွေကို သီးခြားစီတွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စဉ် ဆွေးနွေးခဲ့တာတွေကို စစ်တွေမြို့ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

"သူက ရခိုင်ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအညီ ပေးချင်တယ်၊ ရေလုပ် ငန်းတွေ လယ်ယာလုပ်ငန်းတွေ အထောက်အ ကူပေးချင်တယ် ဒါပေမဲ့ ဒီမှာပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်နေတဲ့ အတွက်ကြောင့် အကူအညီ မပေးနိုင်ဘူးဖြစ်နေတယ်၊ အဲ့ဒါကြောင့် အဓိကတော့ ဘင်္ဂါလီတွေနဲ့ သင်တင့်လျောက်ပတ်စွာ သင့်တင့် စွာ၊ အေးချမ်းစွာ နေထိုင် ကြမယ်ဆိုရင် ရခိုင်ပြည်နယ်ကို ပြင်သစ် အပါအဝင် နိုင်ငံတွေက အကူအ ညီပေးနိုင်လိမ့်မယ်လို့ သူကအဲ့လို ပြောပါတယ်"

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတွေက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ နိုင်ငံ သားဖြစ်လာတဲ့ မွတ်စလင်တွေအနေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ သင့်မြတ်အောင်နေ ထိုင်တတ်မှသာ အဆင်ပြေမှာဖြစ်ကြောင်း သံအမတ်ကြီးကို အကြံပြုဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်ရပ်မိရပ်ဖတွေနဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပတ်သက်ပြီး အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေအပေါ် မွတ်စလင်မြို့ခံတွေရဲ့ သဘောထားအမြင်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်သံအမတ်ကြီးဟာ ပေါက်တောမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org