ရခိုင်ရေဘေး အကူအညီပေးပြီ

ရခိုင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေ တာကြောင့် ရေဖုံးလွှမ်းမှုဒဏ်ကြုံနေ ရတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေ က ရေဘေး သင့်ပြည်သူတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ကစပြီး စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးနေပါတယ်။

ရခိုင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေကို ကူညီရေးလုပ်ငန်းများ လုပ်ဆောင်စဉ် Photo: Arker Soe

ရခိုင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရေဖုံးလွှမ်းမှုဒဏ်ကြုံနေရတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေ က ရေဘေးသင့်ပြည်သူတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ကစပြီး စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးနေပါတယ်။

ရေဘေးဒဏ်ကြုံနေရတဲ့ မြို့နယ်တစ်မြို့နယ်စီကို ဆန်အိတ် ၁၀၀ စီနဲ့ အသုံးအဆောင်ပစ္စည်းတွေ ကူညီပေး မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင် က ပြောပါတယ်။

"အခုလောလောဆယ် ကျနော်တို့က တစ်မြို့နယ်ကို ဆန်အိတ်တစ်ရာ၊ ခေါက်ဆွဲအိတ် တစ်ရာ၊ ကြာဇံထုတ် တစ်ရာ၊ ကြက်ဥအလုံး တစ်ထောင် နောက်သူတို့မိသားစု အသုံးအဆောင် လူကယ်ပြန်က လိုအပ်တဲ့ပစ္စည်း အကုန်လုံးကို ကျနော်တို့ ကားတွေနဲ့ သယ်လာပါတယ်၊ ရေမြုပ်တဲ့မြို့နယ်တွေ အကုန်လုံးကိုပေးဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်၊ ကျောက်တော်ကို မကြာမီပေးပါမယ်၊ နောက်မြောက်ဦးကိုပေးမယ်၊ မင်းပြားကိုပေးပါမယ်၊ ဘူးသီးတောင်ဘက်လည်း မြုပ်နေတဲ့အတွက်ကြောင့် မြုပ်တဲ့နေရာအကုန်လုံးကို ပေးမှာဖြစ်ပါတယ်"

ကျောက်တော်မြို့နယ်မှာ ကျေးရွာ ၁၀ ရွာကျော်လောက် ရေနစ်မြုပ်နေတာဖြစ်ပြီး လူပေါင်း ၁၆၀၀ ကျော် ရေဘေး ဒဏ်ကြုံနေရတာဖြစ်ပါတယ်။

အလားတူ မြောက်ဦးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာအတော်များများက လူပေါင်း သုံးထောင်လောက် ရေဘေးဒဏ်ကြုံတွေ့နေရပါတယ်။

မြို့နဲ့နီးတဲ့ ကျေးရွာတွေမှာ အရပ်ဘက်အဖွဲ့တွေ မြို့မိမြို့ဖတွေရဲ့ အကူအညီတွေရပေမယ့် မြို့နဲ့ အလှမ်းဝေး တဲ့ကျေးရွာတွေက အကူအညီတွေ လိုအပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီနေ့ မိုးနည်းသွားပေမယ့် နေအိမ်တွေက နစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ လိုအပ်တာတွေကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ်အုပ်ချုပ်ရေး မှူးတွေထံ တင်ပြအကူ အညီတောင်းနိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

ရေဘေးဒဏ်ကြုံတွေ့နေရတဲ့ ဒေသခံတွေရဲ့ အခြေအနေတွေကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org