စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး ကြိုးပမ်းမည်

သမ္မတကဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသလို သမ္မတကိုလည်း တိုက်ရိုက်အကြံပေးသွားဖို့ရှိတယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ၂ဝ၁၉ ခုနှစ် မေလ ၁၂ ရက်နေ့က စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့စဉ်

သမ္မတကဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသလို သမ္မတကိုလည်း တိုက်ရိုက်အကြံပေးသွားဖို့ရှိတယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားမှာ ရခိုင်ပြည်နယ် အတွင်းက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၇၂၅၇ စုက လူဦးရေ သုံးသောင်းနီးပါးအတွက် ငွေကျပ် သိန်းပေါင်း ၂၆ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦးစီကို တစ်နေ့ ငွေ ၃ဝဝ ကျပ်နှုန်းနဲ့တွက်ချက်ပြီး တစ်လစာ စားနပ်ရိက္ခာအတွက် ထောက်ပံ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က လက်ရှိပကတိမြေပြင်အခြေအနေကို တိတိကျကျသိရှိနိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားရာနေရာတွေက ကျေးရွာတွေအထိ ကွင်းဆင်းပြီး စုံစမ်းဖို့လိုကြောင်း မြောက်ဦးလူငယ်များအစည်းအရုံးက ကိုမိုးဇော်မြင့်က အခမ်းအနားမှာတင်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org