အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်အစိုးရ ကြေညာချက်ထုတ်

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်တစ်စောင်ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြေညာချက်ကို တွေ့ရစဉ် .

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်တစ်စောင်ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးမီက မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အပြစ်မဲ့မြိုတိုင်ရင်းသားတွေ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ကိစ္စကြောင့် ကိုင်းကြီးကျေးရွာမှာ ပြီးခဲ့တဲ့သြဂုတ်လ ၅ ရက်နေ့ကစတင်ပြီး ရဲကင်းစခန်းဖွင့်လှစ်ထားရှိဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာ စိုးရိမ်ကြောင့်ကြစိတ်တွေကြောင့် စေတီပြင်ကျေးရွာကို ပြောင်းရွှေ့လာကြ တဲ့ ဒေသခံတွေနေရပ်ကို ပြန်နိုင်ဖို့အတွက် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ ပေါက်ပင်ရင်းကျေးရွာတွေမှာ လုံခြုံရေးကင်းစခန်းတွေကို အခိုင်အမာချထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်းထူးခြားမှုရှိရင် လုံခြုံရေးတပ်ဖွဲ့တွေထံ အမြန်ဆက်သွယ်သတင်းပေးပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ လုံခြုံရေးစနစ်နဲ့ ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမှာဖြစ်သလို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ ထိရောက်မြန်ဆန်အောင် ဆောင်ရွက်နိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းတင်ပြ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် အစိုးရရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org