ရခိုင်တိုင်းရင်းသားတွေရဲ့ လူ့စွမ်း အား အရင်းအမြစ် ဖော်ဆောင်ပေး ဖို့ တောင်းဆို
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူ အညီတွေပေးနေတဲ့ ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ရခိုင်တိုင်းရင်းသားတွေ ရဲ့လူ့စွမ်းအား အရင်းအမြစ်နဲ့ ဒေသဖွံ့ဖြိုးရေးစီမံချက်တွေကို ပိုမို အလေးပေးဆောင်ရွက်ပေးဖို့ စစ်တွေမြို့အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တင်ပြလိုက်ပါတယ်။
-
2014-07-09 -
-
-
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေပေးနေ တဲ့ ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ရခိုင် တိုင်းရင်းသားတွေရဲ့ လူ့စွမ်းအား အရင်းအမြစ်နဲ့ ဒေသဖွံ့ဖြိုးရေးစီမံချက်တွေကို ပိုမိုအလေးပေးဆောင်ရွက်ပေးဖို့ စစ်တွေ မြို့အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တင်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဟာ ပြည်နယ်အဆင့် အရေးပေါ်ပူးပေါင်းဆောင် ရွက်ရေးစင်တာ ECC ရုံးခန်းမှာ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံစဉ် တင်ပြခဲ့ တာဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်လူမှုကွန်ရက်က ကိုသူရိန်က အခုလိုပြောပါတယ်။
"ကျနော်တို့ အဓိကအားဖြင့် လိုအပ်နေတာက ဒီရခိုင်ပြည်မှာ ရခိုင်ဒေသခံတွေရဲ့ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်ပေါ့လေ လုပ်သားတွေက အစ အဲ့လိုပညာရှင်တွေ လိုအပ်ချက်တွေ အများကြီးရှိနိုင်တယ် အဲ့ဒါကို ဖြစ်တည်လာဖို့အတွက် ကျနော်တို့ Public Center တွေ ဖွင့်ပေးဖို့ရယ်၊ UN အဖွဲ့အစည်းတွေ၊ NGO တွေ လုပ်ပေးဖို့အတွက်ကိုရော ကျနော်တို့ နှစ်ဖက် စလုံး ပြောတာရှိတယ် ဒီနေ့ ဒီလူ့စွမ်းအားအရင်းအမြစ်ကို ကျနော်တို့ အဓိကထားပြီး ပြောဖြစ်တာပါ"
ဒါ့အပြင် စစ်တွေမြို့မှာအခြေစိုက်တဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေအကြား အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ဖို့အတွက် အဖွဲ့အစည်းတိုင်းမှာ ပြန်ကြားရေးအရာရှိတွေထားပေးဖို့၊ နိုင်ငံတကာလူမှုအဖွဲ့အစည်း ရုံးခန်းတွေအတွက် စစ်တွေမြို့ပေါ်က လူနေအိမ်တွေကို ငှားရမ်းဖို့မလိုအောင် သီးခြားအဆောက်အဦးတွေ ဆောက် လုပ်ပေးဖို့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဒေသခံတွေရဲ့ သဘောဆန္ဒတွေနဲ့အညီ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ ကျောက်ဖြူမြို့နယ် ဒေသခံတွေက မနေ့က တင်ပြတောင်းဆိုခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ် ကျေးရွာပေါင်း ၄၂ရွာက ဒေသခံတွေကိုယ်စား ပြည်နယ်ဝန်ကြီးချုပ်နဲ့ မနေ့ကသီးခြားတွေ့ဆုံခဲ့ တဲ့ ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်