ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထား

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ ဗွီဒီယို အွန်လိုင်းစနစ်နဲ့ ပထမဆုံး ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုကို မြင်တွေ့ခဲ့ရစဉ် Photo: RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ ဗွီဒီယို အွန်လိုင်းစနစ်နဲ့ ပထမဆုံး ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးထုတ်မှာ တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်း (ခေါ်) ဦးမျိုးမြတ်ဟိန်းက ဦးညီပုဘက်ကနေ အမှုကို လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေလွှဲစာတင်သွင်းခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတာပါ။

ဦးညီပုဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က သူ့ရဲဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ “ပြည်သူသို့ပန်ကြားချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သူကိုယ်တိုင်ပြောထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့လို့ တရားစွဲခံရတာဖြစ်ပါတယ်။

သူကို မတ်လ ၄ ရက်နေ့မှာ ရုံးချိန်းထပ်မံ ချိန်းဆိုထားပါတယ်။

ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက သူ့ရဲ့နေအိမ်ကနေ ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားခဲ့တာပါ။

ဦးညီပုကို တရားစွဲဆိုထားတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မဟာ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ပုဒ်မဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org