မြောက်ဦးမှာ လက်နက်စမ်းသပ်ဖို့အတွက် တောတောင်တွေကိုမသွားဖို့ ကျေးရွာအုပ်စု သုံးခုကို ညွှန်ကြားထား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ ဆင်အိုး၊ လက်ကောက်ဈေး၊ ရွာဟောင်း တော စတဲ့ ကျေးရွာအုပ်စု သုံးခုက ကျေးရွာသားတွေကို မေလ ၁၉ နဲ့ ၂၀ ရက်တွေ မှာ တောတောင်တွေကို မသွားဖို့ ဒေသအာဏာပိုင်တွေက ညွှန်ကြားလာတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

မေလ ၁၉၊ ၂၀ ရက်တွေမှာ တောတောင်တွေထဲကို မသွားဖို့ သတိပေးခံရတဲ့ မြောက်ဦးမြို့နယ် ဆင်အိုးချေရွာ သွားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကတွေ့ရစဉ် Photo: RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ ဆင်အိုး၊ လက်ကောက်ဈေး၊ ရွာဟောင်းတောစတဲ့ ကျေးရွာအုပ်စု သုံးခုက ကျေးရွာသားတွေကို မေလ ၁၉ နဲ့ ၂၀ ရက်တွေမှာ တောတောင်တွေကို မသွားဖို့ ဒေသအာဏာပိုင် တွေက ညွှန်ကြားလာတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

မြောက်ဦးမြို့ အမှတ် ၃၁ ရဲတပ်ရင်းမှာ စစ်လက်နက်တွေ စမ်းသပ်ဖို့နဲ့ စစ်သင်တန်း ပြုလုပ်ဖို့ရှိတာကြောင့် အဲဒီ နှစ်ရက်မှာ တောတောင်တွေကို မသွားကြဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတစ်ဆင့် အသိပေးစာ ရောက်လာတာလို့ လက်ကောက်ဈေးအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ပြောပါတယ်။

ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ရော်မနီ၊ ချောင်းသစ်၊ ရွာဟောင်းတော၊ မောင်သာကုန်း၊ ကြာချေ၊ လက်ကောက်ဈေး စတဲ့ကျေးရွာတွေနဲ့ အဲဒီ တပ်စခန်းအနီးအနားက ကျေးရွာတွေပါဝင်တယ်လို့လည်း သူကဆိုပါတယ်။

အလားတူ ဆင်အိုးချေကျေးရွာကိုလည်း အဲဒီနေ့တွေမှာ တောတောင်တွေကိုမသွားဖို့ စာရောက်လာတာ ကြောင့် ကျေးရွာသားတွေကို အသိပေးထားပြီးပြီလို့ ဆင်အိုချေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလှမောင်က ပြောပါတယ်။

အဲဒီဒေသက ဒေသခံတွေဟာ တောတောင်တွေကို မှီခိုစားသောက်နေရတာဖြစ်ပြီး အခုလို စာရောက်လာတဲ့ အတွက် ဒေသခံတွေဟာ စိုးရိမ်နေကြတယ်လို့လည်း သူကဆိုပါတယ်။

အခု စစ်လက်နက်တွေ စမ်းသပ်ပြီး စစ်သင်တန်းတွေ ပြုလုပ်မယ့် မြောက်ဦးမြို့ အမှတ် ၃၁ ရဲတပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တပ်ရင်း လည်း ဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org