မိဘတွေထက်အရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူကိစ္စ ပြည်နယ်လွှတ်တော်မှာ မေးမြန်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာနေထိုင်တဲ့ မမြနန္ဒခင်လို့ အမည်ရတဲ့ အမျိုးသမီးငယ်တစ်ဦးကို အစိုးရက ဦးစွာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးမှ သူ့ရဲ့မိဘနှစ်ပါးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တဲ့ကိစ္စကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာနေထိုင်တဲ့ မမြနန္ဒခင်လို့ အမည်ရတဲ့ အမျိုးသမီးငယ်တစ်ဦးကို အစိုးရက ဦးစွာနိုင်ငံသားအဖြစ်အသိအမှတ်ပြုပြီးမှ သူ့ရဲ့မိဘနှစ်ပါးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တဲ့ ကိစ္စကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

မိဘတွေနိုင်ငံသားဖြစ်မှ သားသမီးတွေကို နိုင်ငံသားပေးရမှာဖြစ်ပေမယ့် အခုဖြစ်စဉ်ဟာ ပြောင်းပြန်ဖြစ်နေတယ် လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက လွှတ်တော်မှာ ပြောပါတယ်။

"နိုင်ငံသားစိစစ်ရေးကဒ်ပြား ပန်းရောင်ထုတ်ပေးခဲ့တဲ့သူဖြစ်စဉ်ကို လေ့လာရာတွင် သမီးဖြစ်သူ မမြနန္ဒခင် သည် ဖခင်ထက် ၁၉၉၆ ဦး မိခင်ထက် ၁၉၉၇ ဦးစော၍၎င်း၊ ၁ နှစ် ၂၂ ရက်စော၍၎င်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ပန်းရောင်ရရှိကြောင်း သို့မဟုတ် နိုင်ငံသားဖြစ်သွားကြောင်း သိရှိရပါသည်၊ ဒီဖြစ်စဉ်တွင် သမီး နိုင်ငံသားဖြစ်ပြီးမှ မိဘနိုင်ငံသားဖြစ်ခြင်းသည် သမီးက မိဘကို မွေးဖွားပေးလိုက်သည့် ဖြစ်စဉ်ဖြစ်ကြောင်းတွေ့ရပါသည်"

ဘူးသီးတောင်မြို့ အမှတ်(၄) သပြေကုန်းရပ်ကွက်မှာနေထိုင်ခဲ့တဲ့ တိုင်းရင်းသားမဟုတ်တဲ့ မမြနန္ဒာခင်ကို အစိုးရက ပြီးခဲ့တဲ့နှစ် မတ်လက ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးခဲ့တာလို့ဆိုပါတယ်။

တည်ဆဲဥပဒေတွေအရ မွေးရာပါနိုင်ငံသားနဲ့ ဥပဒေအရနိုင်ငံသားလို့ရှိရာမှာ မမြနန္ဒာခင်တို့ရဲ့မိသားစုဝင်တွေကို ဘယ်လိုအထောက်အထားတွေနဲ့ နိုင်ငံသားပေးခဲ့တယ်ဆိုတာကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က မမြနန္ဒာခင်ရဲ့ မိဘနှစ်ပါးဟာ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထားတာမရှိပေမယ့် အစိုးရရဲ့ တရားဝင် ပညာရေးဝန်ထမ်းတွေဖြစ်ကြသလို အခြားအထောက်အထားတွေအရ ဥပဒေအရ နိုင်ငံသားပေးခဲ့တာလို့ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org