ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းရယူခွင့် တင်းကျပ်

ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းရယူခွင့်ကို ဒီနေ့ကစပြီး တင်းကျပ်လိုက်ပါတယ်။ ရခိုင်ပြည် နယ် လွှတ်တော်မှာ အရင်က လွတ်လပ်စွာသတင်းယူခွင့်ရခဲ့ပေမယ့် အခုအချိန်မှာတော့ သတင်း သမားတွေဟာ အစည်းအဝေးခန်းမ နောက်ဆုံးထောင့်ကနေပဲ သတင်းယူဖို့ သတ်မှတ်လိုက် တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းယူနေတဲ့ သတင်းသမားတွေကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းရယူခွင့်ကို ဒီနေ့ကစပြီး တင်းကျပ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာ အရင်က လွတ်လပ်စွာသတင်းယူခွင့်ရခဲ့ပေမယ့် အခုအချိန်မှာတော့ သတင်းသမားတွေဟာ အစည်းအဝေးခန်းမ နောက်ဆုံးထောင့်ကနေပဲ သတင်းယူဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့အကြား မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိပြီး အစိုးရအဖွဲ့က လွှတ်တော် မှာဖြေကြားချက်တွေမှာ လွဲချော်မှုတွေရှိနေတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန်ဆွေးနွေးမှုတွေ ရှိနေတာကြောင့် သတင်းရယူခွင့် အားနည်းသွားအောင် ကန့်သတ်လိုက်တာလို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကတော့ ပြည်နယ်လွှတ်တော်ဥက္ကဌက လုံခြုံရေးကို တာဝန် ယူဆောင်ရွက်ဖို့ အကြောင်းကြားလာတာကြောင့် ရဲတပ်ဖွဲ့က အခုလိုစီစဉ်ဆောင်ရွက်ရတာလို့ သတင်းသမားတွေကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org