မူးယစ်ဖမ်းတဲ့ ရဲအရာရှိ ချုံခို ပစ်သတ်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မရဲစခန်းက ခေတ္တစခန်းမှူး ရဲအုပ် သိန်းရွှေဟာ မနေ့က ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ ကျောက်တန်းကျေးရွာကို မူးယစ်ဆေးဝါးဖမ်းဖို့သွားရာမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် သေဆုံးသွားပါတယ်။

ရသေ့တောင်မြို့အဝင်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မရဲစခန်းက ခေတ္တစခန်းမှူး ရဲအုပ် သိန်းရွှေဟာ မနေ့က ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ ကျောက်တန်းကျေးရွာကို မူးယစ်ဆေးဝါးဖမ်းဖို့ သွားရာမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် သေဆုံးသွားပါတယ်။

ရဲအရာရှိတွေရဲ့ ပြောဆိုချက်အရ ရဲအုပ် သိန်းရွှေနဲ့ အဖွဲ့ဟာ မနေ့ နေ့လည်က မူးယစ်ဆေးဝါးသတင်းရတဲ့အတွက် ကျောက်တန်းကျေးရွာကို အငှားကားနဲ့ သွားရောက်ခဲ့ကြတာဖြစ်တာလို့ အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီကျောက်တန်းရွာကို ရဲတပ်ဖွဲ့အရောက်မှာ မူးယစ်ဆေးဝါးသယ်ယူလာတဲ့သူဟာ ကျောက်တန်းကျေးရွာကို လွန်သွားပြီလို့ သိရတာကြောင့် ခရုချောင်းနဲ့ ရေကောင်းချောင်းကျေးရွာကြားကို ဆက်လက်သွား ရောက်ခဲ့ကြပြီး လမ်းဘေးက တဲတစ်လုံးကို ဆင်းကြည့်ရာမှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

ပစ်ခတ်သူတွေဟာ ဘယ်သူမှန်းမသိဘဲ အဆက်မပြတ် ပစ်ခတ်ခံရတဲ့အတွက် ကျန်တဲ့လူတွေက ထွက်ပြေးလာခဲ့ကြ ရတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ သေဆုံးသွားတဲ့ ခေတ္တစခန်းမှူးကို ရသေ့တောင်မြို့မှာ သဂြိၤုဟ်ခဲ့တယ်လို့ ရသေ့တောင် မြို့ခံတစ်ဦး က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံကို ဆက်သွယ်ရာမှာ ဖြေကြားဖို့ ငြင်းဆန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org