ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကြောင့် အဓမ္မပြောင်းရွှေ့ခံရမှာ ဒေသခံတွေ စိုးရိမ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အကောင်အ ထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်းကြောင့် ကျေး ရွာတွေ ပြောင်းရွှေ့ပေးရမှာကို စိုးရိမ်နေကြတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေး ရှင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်းကြောင့် ကျေး ရွာတွေ ပြောင်းရွှေ့ပေးရမှာကို စိုးရိမ်နေကြတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပြောပါတယ်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ အကျိုးသက်ရောက်မှုတွေကို စစ်တမ်းကောက်ယူနေရာမှာ ဒေသခံတွေရဲ့စိုးရိမ်မှုကို တွေ့ရှိရတာ လို့ ဖောင်ဒေးရှင်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ပြောပါတယ်။

"ဒေသခံတွေစိုးရိမ်မှုက သူတို့ရဲ့ ဒီလယ်မြေတွေကို ၂၅ သိန်းနဲ့ မရောင်းချင်ဘူးဆိုတဲ့ဆန္ဒတစ်ခု၊ သိန်း ၅ဝ ယောက်မြင်နေတယ်၊ နောင်တစ်ခုက ဒီစက်မှုဇုန်တွေကြောင့် သူတို့ရဲ့ အနာဂတ်ဘဝ သူတို့ရဲ့ မိသားစုတွေ မျိုးဆက်တွေသာ ဒီစက်မှုဇုန်မှာ အလုပ်အကိုင်အခွင့်အလမ်းရမယ်ဆိုတာမျိုး မယုံဘူးဗျ ၊ နောက်တစ်ခုက စက်မှုဇုန်တွေ ဒီမှာတည်ဆောက်လာလို့ရှိရင် တဖြေးဖြေးနဲ့ သူတို့နေထိုင်တဲ့ ရွာတွေကိုပါ ရွှေ့ပြောင်းပေးရမှာဆိုတဲ့ သူတို့ရဲ့စိုးရိမ်မှုတွေရှိနေတယ်"

အစိုးရက မြေယာဧကပေါင်း ၁၈ဝဝ ကျော်မှာ အကောင်အထည်ဖော်မယ့် ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းကို မကြာခင် လုပ်ငန်းစတင်ဆောင်ရွက်ဖို့ လျာထားတာပါ။

ဒီစီမံကိန်းမှာ အထည်ချုပ်လုပ်ငန်းတွေ၊ လူသုံးကုန်ပစ္စည်းလုပ်ငန်းတွေ၊ ဆန်နဲ့ အမှုန့်ကြိတ်စက်ရုံလုပ်ငန်း၊ အအေးခန်း စက်ရုံတွေနဲ့ ရေနဲ့ ရေထွက်ပစ္စည်းစက်ရုံ စတဲ့လုပ်ငန်းအမျိုးအစား ၁၂ ခု လောက် ပါဝင်မှာဖြစ် ပါတယ်။

ဒီစီမံကိန်းဧရိယာအတွင်းမှာ ရေပေါက်ချောင်း၊ နတ်ဆိပ်စတဲ့ ကျေးရွာ နှစ်ရွာပါဝင်နေပြီး ဧရိယာနဲ့ ထိစပ်နေတဲ့ မင်းဂံ၊ တန်းစွယ်စတဲ့ ကျေးရွာတွေက တောင်သူတွေကို လယ်တစ်ဧကကို ၂၅ သိန်းနဲ့ လျော်ကြေးပေးသွားဖို့ အစိုးရဘက်က ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက စက်မှုဇုန်စီမံကိန်းရဲ့ လူထုအပေါ် အကျိုးသက်ရောက်မှု အခြေ အနေတွေကို အခုလ ၈ ရက်နေ့ကနေ စတင်ပြီးတော့ စစ်တမ်းတွေကောက်ယူနေပြီး လာမယ့်သြဂုတ်လ ကုန်ပိုင်းမှာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org