ဘင်္ဂါလီခေါ်ဖို့ ရသေ့တောင် မှာ တောင်းဆို
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဒေသခံ တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြကြပါတယ်။
-
2016-07-09 -
-
-
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဒေသခံ တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြကြပါတယ်။
"ဘင်္ဂါလီလူမျိုး"အဖြစ် ပြင်ဆင်ခေါ်ဝေါ်ပေးဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ရသေ့တောင်မြို့ခံ ဦးမောင်လှမြင့်က ပြောပါတယ်။
"ရခိုင်ပြည်ရှိ အစ္စလမ်ဘာသာကိုးကွယ်သူများ ဆိုတာ ရခိုင်ပြည်ကို ဘင်ဂါလီတွေလည်းပိုင်တဲ့သဘောဖြစ်နေတယ်၊ အဲ့ဒါကရခိုင်တွေနဲ့ ဘင်ဂါလီတွေရဲ့ပြဿနာကို ပိုပြီးတော့ ကြီးထွားလာနိုင်တယ်၊ ရခိုင်နဲ့ ဘင်ဂါလီကို ရန်တိုက်ပေးနေတဲ့ သဘောမျိုးဖြစ်နေပါတယ်၊ ဘင်ဂါလီကို ဘင်ဂါလီလူမျိုးလို့ပဲခေါ်ဖို့ဆိုတာကိုလည်း ပြည်ထောင်စုအစိုးရအနေနဲ့ ကြေညာချက်ထုတ်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တော့မြင်ပါတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"လို့ သုံးနှုန်းဖို့ မြန်မာကိုယ်စားလှယ်ဘက်က တင်ပြခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာန ကလည်း " ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာကိုးကွယ်သူများ" "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူများ"လို့ သုံးနှုန်းဖို့ အစိုးရပိုင်မီဒီယာတွေကို ညွှန်ကြားခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ"လို့ သုံးနှုန်းမှာမဟုတ်ဘဲ "ရခိုင်လူမျိုး"လို့သာသုံးစွဲဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရရဲ့ အသုံးအနှုန်းအသစ်တွေဟာ ရခိုင်ပြည်နယ်တွင်းအခြေအနေတွေကို ပိုမိုရှုပ်ထွေးသွားစေတာကြောင့် "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း" ဆိုတဲ့အသုံးအနှုန်းကို "ရခိုင်ပြည်နယ်က ဘင်္ဂါလီလူမျိုး"လို့ ပြင်ဆင် ထုတ်ပြန်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
အစိုးရရဲ့ အသုံးအနှုန်းအသစ်တွေကို ပြီးခဲ့တဲ့အပတ်က ရခိုင်ပြည်နယ်မြို့နယ်အနှံ့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။