မွတ်စလင် အသုံးအနှုန်း ဂျပန်ရောက် ရခိုင်တွေ ကန့်ကွက်

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်း သား ၅၀ လောက်က အစိုးရက သတ်မှတ် ထားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်း ကို ကန့်ကွက်ဆန္ဒပြစဉ် Photo: Thaw Zin Phyo

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသား ၅၀ လောက်က အစိုးရက သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသော်ဇင်ဖြိုး က သူတို့ တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။

"ဒီနေ့ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ ရခိုင်ပြည်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့သုံးနှုန်းချက်ကို ပြင်းထန် စွာ ကန့်ကွက်တယ်၊ ကြွေးကြော်သံက မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတဲ့ NLD အစိုးရသစ် အလိုမရှိ၊ ရခိုင်ပြည်နယ်က က မွတ်စလင် အသိုင်းအဝိုင်း ဟု သုံးနှုန်းခြင်းအား ချက်ချင်းရပ်၊ တိုင်းရင်းသားဒေသများ တန်းတူရည်တူ အခွင့်အရေးရရှိရေး အဲဒီ့သုံးချက်ပါ"

ဆန္ဒပြပွဲကို တိုကျို၊ နာဂိုရာ၊ ရိုကိုဟားမား စတဲ့ဒေသတွေမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် Mrs.Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း သတင်းထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့သာ သုံးနှုန်းဖို့ ပြန်ကြားရေးဝန်ကြီး ဌာနက အစိုးရပိုင်မီဒီယာတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အဲ့ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP အပါအဝင် ရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org