ယာယီလက်မှတ်ကိုင်သူတွေ မဲပေးခွင့်မပြုဖို့ ရခိုင်မှာတောင်းဆို

ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အကောင်အထည်ဖော်ပေးဖို့ White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့အတွက် ပုဏ္ဏားကျွန်းမြို့မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

white card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုရေး အတွက် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒေသခံတွေ ဆန္ဒပြနေစဉ်

ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အကောင်အထည်ဖော်ပေးဖို့ White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် မပြုဖို့အတွက် ပုဏ္ဏားကျွန်းမြို့မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မထိန်းချုပ် နိုင်ခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်နေ ရတာလို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့ခံ ဦးအောင်လှသံက ပြောပါတယ်။

“ကျနော်တို့နိုင်ငံက လူဦးရေပေါက်ဖွားမှု မြန်ဆန် တဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ထိတွေ့နေတယ်၊ ခေတ် အဆက်ဆက်က အာဏာပိုင်တွေက အနောက် တံခါး မပိတ်သေးလို့ ခြံစည်းရိုးမဲ့သလို ဖြစ်နေ တယ်ဗျ၊ အဲတော့ ကျနော်တို့ကနိုင်ငံမှာ ၁၉၈၂ နိုင်ငံသားဥပဒေဆိုတာ ပြဌာန်းပြီးထားပါ၊ အဲဒါလျော့ရဲနေလို့ဖြစ်တာ၊ ဒါကြောင်း ကျနော်တို့က ၁၉၈၂ နိုင်ငံသားဥပဒေကို တိကျစွာလိုက်နာဖို့ ထုတ်ဖော်တာပါ”

ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေကလည်း စစ်တွေ၊ ဘူးသီးတောင်၊ မြောက်ဦး၊ မောင်တော၊ မင်းပြား စတဲ့မြို့နယ်တွေမှာ အလားတူ တောင်းဆိုချက်တွေအပြင် နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org