ရခိုင်မှာ ဒုက္ခသည်စခန်း ၃ ခု စတင်ပိတ်သိမ်း

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ငါးနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်း ချထားပေးခဲ့ရတဲ့ စခန်းသုံးခုကို အစိုးရက စတင် ပိတ်သိမ်းနေပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဒါးပိုင် မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ငါးနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်း ချထားပေးခဲ့ရတဲ့ စခန်းသုံးခုကို အစိုးရက စတင် ပိတ်သိမ်းနေပြီလို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်အရ စခန်းတွေ ပိတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခပြေလည်ရေးအတွက် ချမှတ်ထား တဲ့ ဆောင်ရွက်ချက်တွေထဲက တစိတ်တပိုင်းအနေနဲ့ အခုလို စခန်းတွေပိတ်ဖို့ စီစဉ်နေတာ ဖြစ်ကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။

စတင်ပိတ်သိမ်းနေတဲ့ စခန်း သုံးခုကတော့ ကျောက်ဖြူမှာရှိတဲ့ ရခိုင်တိုင်းရင်းသားစခန်း၊ စစ်တွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် စခန်းနဲ့ ကမန်တိုင်းရင်းသား အများစုရှိတဲ့ ရမ်းဗြဲကျွန်းက စခန်းတွေဖြစ်တယ်လို့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောပါတယ်။ အကြီးဆုံးစခန်းက မွတ်စလင်စခန်းဖြစ်ပြီး အိမ်ခြေနှစ်ရာကျော် ရှိတယ်လို့ ဆိုပါတယ်။

ကိုဖီအာနန် စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်အရ စခန်းသုံးခုကို စတင်ပိတ်သိမ်းနေပြီဖြစ်ပေမယ့် ရွှေ့ပြောင်း ရသူအားလုံးကို ဘယ်မှာနေရာချထားမယ်ဆိုတာတော့ လောလောဆယ် မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org