စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါးရှိ

ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၃၈၀၀၀ ကျော်အထိရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဒီနေ့ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက ကလေးများကို ၂၀၁၉၊ မတ် ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၃၈၀၀၀ ကျော်အထိရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဒီနေ့ပြောလိုက်ပါတယ်။

ရသေ့တောင်နဲ့ ဘူးသီးတောင် ကားလမ်းမတစ်လျှောက်က ကျေးရွာတွေကို တပ်မတော်က ဝင်ရောက်စစ်ဆေးတာ၊ ကျေးရွာကို အဝင်အထွက်ပိတ်ပင်တာတွေကြောင့် လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီး စစ်ဘေးသင့်ဒုက္ခသည်ဦးရေ ပိုများလာတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA) ထုတ်ပြန်ထားတဲ့စာရင်းမှာ ရခိုင်ပြည်နယ်မှာ ဧပြီလ ၂၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃၂၀၀၀ ဝန်းကျင်ရှိနေတာဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ တိုးလာနေတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေနဲ့ပတ်သက်လို့ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org