စစ်တွေ ကယ်ဆယ်ရေးစခန်းကနေ နေရပ်ပြန်သူ တစ်ထောင်ကျော်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ကနေ နေရပ်ပြန်ကြသူ တစ်ထောင်ကျော် ရှိနေပြီး လက်ရှိ ကယ်ဆယ်ရေးစခန်းတွေ မှာ လူဦးရေ ၅၀၀၀ ကျော် ကျန်ရှိနေသေး တယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ ခိုလှုံနေတဲ့ ရခိုင်ဒုက္ခသည်တွေကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ကနေ နေရပ်ပြန်ကြသူ တစ်ထောင်ကျော် ရှိနေပြီး လက်ရှိ ကယ်ဆယ်ရေးစခန်းတွေ မှာ လူဦးရေ ၅၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

နေရပ်ပြန်လိုသူတွေကိုပဲ ပြန်ခွင့်ပေးတာဖြစ်တယ်လို့  ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ဒုက္ခသည်များ ကူညီထောက်ပံ့ရေးနဲ့ အလှူငွေကောက်ခံရေးကော်မတီက ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ် က ပြောပါတယ်။

"စစ်တွေကနေပြန်တာ ၁၁၀၀ လောက်ရှိပြီ။ မနက်ဖြန်လည်း တစ်ရာကျော်လောက် ပြန်ဦးမှာ။ သူတို့ကို အတင်းတော့ မပြန်ခိုင်းပါဘူး။ သူတို့ပြန်ချင်တယ်ဆိုရင် အမြန်ယာဉ်စီစဉ်ပေးတာပေါ့။ အမြန်ရေယာဉ် လက်မှတ်က ၉ ထောင်၊ ပြီးရင်တစ်ယောက်ကို ၂ သောင်း ထောက်ပံ့ပေးတာပေါ့။ မိသားစုလိုက်မဟုတ်ဘူး တစ်ဦးကို ၂ သောင်းထောက်ပံ့ပေးတာ။"

စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာတွေ မှာ နေထိုင်သူတွေဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေသူတွေကို အစိုးရက တစ်ဦးကို စားစရိတ်အဖြစ် တစ်ရက်ကို ငွေကျပ် ၁၅၀၀ ပေးပြီး အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

မောင်တောဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းသွားပြီဖြစ်ပေမယ့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား တဲ့နေရာတွေမှာ အမိန့်ကို ချက်ချင်းရုပ်သိမ်းတာမျိုးပြုလုပ်မှာမဟုတ်ဘဲ အချိန်လျှော့ချတာမျိုးပဲ ဆောင်ရွက်သွား မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ပြီးနောက် လူဦးရေ ၂ သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org