ရခိုင်သယံဇာတနဲ့ မြေယာတွေကို ရခိုင်တိုင်းရင်းသားတွေ စီမံခွင့် ရရှိဖို့ တောင်းဆို
ရခိုင်ပြည်နယ်က သယံဇာတတွေ နဲ့ မြေယာတွေကို ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့အတွက် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်က သတင်းစာရှင်း လင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။
-
2016-09-12 -
-
-
ရခိုင်ပြည်နယ်က သယံဇာတတွေနဲ့ မြေယာတွေကို ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့အတွက် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက် ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ယုဇနဟိုတယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာဖြစ် ပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်မှာရှိတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသာတွေရဲ့ လက်မှတ် ၃ သိန်းကိုလည်း ကောက်ခံထားပြီး အစိုးရနဲ့ လွှတ်တော်တွေကို တင်ပြသွားမယ်လို့လည်း ရခိုင့်သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၅ ကွက် ရှိပြီး အဲ့ဒီထဲက ၁၈ ခုမှာ စမ်းသပ်ရှာဖွေတူးဖော်တာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် နေပူခံကျောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ တိုက်တေနီယမ် စီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်က သဘာဝ သယံဇာတတွေကို ကိုယ်ပိုင်ခန့်ခွဲခွင့်ရဖို့အတွက် လာမယ့် နိုဝင်ဘာလမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ ခရီးရှည် လမ်း လျှောက်ချီတက်တောင်းဆိုဖို့လည်း စီစဉ်နေပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲကို ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေကလည်း ပူးပေါင်းပါဝင်ပြီး တောင်းဆိုခဲ့ ကြပါတယ်။