ဟောင်ကောင်ကုမ္ပဏီက ရခိုင်ကနေ ဆန်တန်ချိန် ၃ သိန်း ဝယ်ယူမည်

ဟောင်ကောင်အခြေပြု Golden Phoenix Investments Limited ကုမ္ပဏီက ဒီနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဆန်တန်ချိန် ၃ သိန်းအထိ ဝယ်ယူလိုကြောင်း ဒီနေ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဟောင်ကောင်အခြေစိုက် Golden Phoenix Investment Limited က တာဝန်ရှိသူတွေနဲ့ ဆန်စပါးလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးစ Photo: Min Thein Aung/ RFA

ဟောင်ကောင်အခြေပြု Golden Phoenix Investments Limited ကုမ္ပဏီက ဒီနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဆန်တန်ချိန် ၃ သိန်းအထိ ဝယ်ယူလိုကြောင်း ဒီနေ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆိပ်ကမ်းအခက်အခဲကြောင့် ပထမဆုံး ဆန်တန်ချိန် ၁ သောင်းကို တင်ပို့ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကျောက်တော်မြို့နယ် တောင်သူလယ်သမားအကျိုးဆောင်အသင်း အတွင်းရေးမှူး ဦးမောင်ထွီး က ပြောပါတယ်။

"တစ်လမှာ တန်ချိန် သုံးသောင်းလောက်ဝင်မယ်၊ တစ်နှစ်မှာ တန်ချိန် အနည်းဆုံး သုံးသိန်းလောက်ကို သူတို့မှန်းထားတယ်၊ အဲဒါကို ရခိုင်ပြည်နယ်က သုံးသိန်း ပေးနိုင်မလားဆိုတော့ ဆယ်စုနှစ် ၆ ခုမှာ ကျနော်တို့ ရခိုင်ဆိပ်ကမ်းက တင်ပို့တာမရှိသေးဘူး၊ ရန်ကုန်ဆိပ်ကမ်းက တင်ပို့နေကြတယ်လေ၊ အဲ့တော့ အတွေ့အကြုံ မရှိတာလည်းပါတယ်"

ဟောင်ကောင်အခြေစိုက် Golden Phoenix Investment Limited က တာဝန်ရှိသူတွေဟာ ကျောက်တော်မြို့က ဆန်စပါးထွက်ရှိမှု အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပြီး ဆန်တွေကို ဝယ်ယူနိုင်ရေး ဒီနေ့ဆွေးနွေးခဲ့ကြတာဖြစ် ပါတယ်။

ဆန်စပါးအရည်အသွေးပေါ်မူတည်ပြီး ဟောင်ကောင်ကုမ္ပဏီနဲ့ ရခိုင်ဆန်စပါးလုပ်ငန်းရှင်တွေအကြား ဆန်ဝယ်ယူ တင်ပို့နိုင်ရေးကို ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ဟောင်ကောင်အခြေပြု Golden Phoenix Investments Limited ကုမ္ပဏီတာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်က ဆန်တွေဝယ်ယူနိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆန်စပါးတွေကို အရင်က တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ တရုတ်နယ်စပ်ကို တင်ပို့မှုတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း ပြည်ပဆန်တင်ပို့မှုတွေ ရပ်ဆိုင်းနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org