မင်းပြားမှာစစ်ကောင်စီ တစ်ညလုံးလက်နက်ကြီးနဲ့ပစ်ခတ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့က ရွာတွေထဲကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ညတစ်ညလုံး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့အား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့က ရွာတွေထဲကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ညတစ်ညလုံး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

တိုက်ပွဲဖြစ်တာမဟုတ်ဘဲ မင်းပြားကျိန်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာလို့ ဒေသခံဆရာတော် တစ်ပါးက RFA ကို မိန့်ပါတယ်။

"မင်းပြား ကျိန်းတောင်ပေါ်မှာရှိတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ၊ တိုက်ပွဲအပြန်အလှန် ပစ်ခတ်တာမဟုတ်ဘဲ စစ်တပ်တွေ ကင်းလှည့်ရင်းနဲ့ ပစ်ခတ်နေတာ"

မင်းပြားဒေသခံတစ်ဦး ဒီကနေ့ညပိုင်း လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ဗီဒီယိုဖိုင်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင်ကြားရပါတယ်။   

ဒီကနေ့ ည ၁ဝ နာရီကျော်ထိ ပစ်ခတ်သံတွေကြားနေရပြီး အသေအပျောက် ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီကနေ့ မနက်ကစပြီး ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မင်းပြားအခြေစိုက် စစ်ကောင်စီ တိုင်းဗဟိုတပ်ရင်း (၉) ရဲ့ စစ်ကားနှစ်စီးကို AA ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မင်းပြားကို တစ်နေ့လုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။

ဒီနေ့မနက်အစောပိုင်းကလည်း စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဖေသာရွာခံ အသက် ၅ဝ အရွယ် ဦးကျော်သိန်းဖြူ သေဆုံးသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org