လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ ကြေညာ
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတာတွေ၊ တုတ်၊ ဓါး လက်နက်တွေ ကိုင်ဆောင်တာတွေ မလုပ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံသတိပေး တိုက်တွန်းနေတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
-
2017-09-02 -
-
-
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတာတွေ၊ တုတ်၊ ဓါး လက်နက်တွေ ကိုင်ဆောင်တာတွေ မလုပ်ဖို့နဲ့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံသတိပေး တိုက်တွန်းနေတယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကိုပဲ ရှာဖွေဖော်ထုတ်နေတာဖြစ်ပြီး အကြမ်းဖက်မှုကို လက်မခံဘဲ အေးချမ်းစွာနေထိုင်လိုတဲ့ မွတ်စလင်ဘာသာဝင်တွေ ဘေးကင်းရေးကို ဆောင် ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ ကို ထောက်ခံတာ၊ ပူးပေါင်းပါဝင်တာ မပြုလုပ်ဖို့လည်း သတိပေးနေတယ်လို့ ဖော်ပြထားပါတယ်။
မနေ့က မောင်တောမြို့နယ် ပန်းတောပြင်အနောက်ကျေးရွာမှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေကို လုံခြုံရေး တပ်ဖဲ့ွဝင်တွေက စစ်ဆေးရာမှာ ကြည်ဖြူစွာလက်ခံခဲ့ပြီး အဲဒီကျေးရွာသားတွေကိုယ်တိုင်က အစွန်းရောက် အကြမ်း ဖက်သမားတွေရဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြော ကြားခဲ့တယ်လို့ သိရပါတယ်။