ရခိုင်ပြည်နယ် ပဋိပက္ခ အမြန်ဆုံးရပ်တန့်ဖို့ ပြောဆိုသင့်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောတဲ့အခါ ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ဆုံး ရပ်တန့်ဖို့အတွက် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ပြောဆိုသင့်တယ် လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး က တိုက်တွန်းလိုက်ပါတယ်။
-
2017-09-18 -
-
-
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောတဲ့အခါ ရခိုင်ပြည်နယ်ပဋိပက္ခ အမြန်ဆုံး ရပ်တန့်ဖို့အတွက် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ပြောဆိုသင့်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် ပြဿနာဟာ ဘယ်သူမှလက်ပိုက်ကြည့်မနေနိုင်တော့တဲ့၊ နိုင်ငံတကာက စုပေါင်းဖြေရှင်းဖို့ လိုအပ်လာတဲ့ အခြေအနေကို ဆိုက်ရောက်နေပြီလို့လည်း ပြောပါတယ်။
ဒါ့ပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေအပေါ် စစ်စစ်မှန်မှန် အကာအကွယ်ပေးဖို့ လုံခြုံစိတ်ချရ တဲ့ လူသားချင်းစာနာကူညီရေးတွေ ပြန်လည်ရောက်ရှိဖို့တောင်းဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ လည်း ဒီကိစ္စတွေ ပါဝင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ်က နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေ ကို ရောက်ရှိလာသူ ၄ သိန်းကျော်ထဲမှာ ၇ သောင်းဝန်းကျင်ဟာ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေဖြစ် တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည် ၄ သိန်းကျော်အတွက် စခန်းသစ်တွေ ထပ်မံဆောက်လုပ်နေပြီး ဆိုးရွားနေတဲ့ မိလ္လာစနစ်အခြေအနေကြောင့် အိမ်သာအလုံးရေ တစ်သောင်းခြောက်ထောင်လောက် တည်ဆောက်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
မနေ့က ဒါကာမြို့မှာ ပြင်းထန်တဲ့ အစ္စလာမ်မစ်ဝါဒီ နှစ်သောင်းကျော်က ရိုဟင်ဂျာမွတ်စလင်တွေကို အကာ အကွယ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးကတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ စစ်ရေးနည်းထက် သံရေးတမန်ရေးနည်းလမ်းကိုသာ သုံးစွဲမယ်လို့ ပြောဆိုပါတယ်။