ရခိုင်မြောက်ပိုင်းက တပ်မတော်စစ်ကြောင်း အချို့ စစ်တွေကို ပြောင်းရွှေ့

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု အထိုက်အလျောက် ရရှိလာပြီဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းအချို့ကို စစ်တွေမြို့ကိုပြောင်းရွှေ့ပြီး အရန်အဖြစ်အသင့်စုဖွဲ့ထားရှိသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ကထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းအချို့ စစ်တွေမြို့ကို ပြောင်းရွှေ့လာစဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု အထိုက်အလျောက် ရရှိလာပြီဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းအချို့ကို စစ်တွေမြို့ ကိုပြောင်းရွှေ့ပြီး အရန်အဖြစ်အသင့်စုဖွဲ့ထားရှိသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေခဲ့တဲ့အတွက် တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၂၅ ရက်နေ့စပြီး နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာမှာ စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်းမှာ ထိတွေ့မှုဖြစ်စဉ်တွေ လျော့နည်းလာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဘူးသီးတောင်၊ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် အရပ်သားတွေအပေါ် ထိခိုက်မှုတွေရှိခဲ့တယ်ဆိုပြီး ဖိအားပေးစွပ်စွဲ ပြောဆို မှုတွေလည်း ရှိနေပါတယ်။

တပ်မတော်စစ်ကြောင်းအချို့ကို အခုလိုရုပ်သိမ်းလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအားကြောင့်လည်း ပါဝင်သလို အစိုးရအနေနဲ့ ဒေသတွင်းပြည်လည်ထူထောင်ရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ အတွက်ဖြစ်တယ်လို့ တပ်မတော်အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက တပ်ဌာနချုပ်တစ်ခုနဲ့ ရဲကင်းစခန်း ၃၀ ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း တပ်မတော်က ရခိုင်ပြည်နယ်မှာ တပ်အင်အားတိုးချဲ့ပြီး လုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org