စစ်တွေမြို့က သင်္ကြန်ကာလ ရခိုင်ရိုးရာ နံ့သာသွေးပွဲ

သင်္ကြန်မှာ နံသာရေတွေနဲ့ ဘုရား၊စေတီ၊ ပုထိုးတွေကို ရေသပ္ပာယ်ပြီးမှ ရခိုင်ပြည်သူတွေ ရေကစားကြလေ့ရှိပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ရပ်ကွက်တွေမှာ သ​င်္ကြန်ကာလ ဘုရားရေသပ္ပာယ်ဖို့ နံ့သာသွေးနေကြသူများ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ရပ်ကွက်တွေမှာ ဧပြီလ ၁၂ ရက်နေ့ ရခိုင်ရိုးရာ နံ့သာသွေးပွဲကျင်းပနေကြပါတယ်။

သွေးထားတဲ့ နံ့သာရေတွေနဲ့ သင်္ကြန်အကျနေ့ မတိုင်မီဘုရားရေသပ္ပာယ်ကြမှာပါ။ ဒါဟာ ရခိုင်တစ်ပြည်နယ်လုံးမှာလုပ်ဆောင်လေ့ရှိတဲ့
ရခိုင်ဓလေ့ရိုးရာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ရပ်ကွက်တွေမှာ သ​င်္ကြန်ကာလ ဘုရားရေသပ္ပာယ်ဖို့ နံသာသွေးနေကြသူများ။( Photo- RFA)

နံ့သာရေတွေနဲ့ ဘုရား၊စေတီ၊ ပုထိုးတွေကို ရေသပ္ပာယ်ပြီးမှ ရခိုင်ပြည်သူတွေ ရေကစားကြလေ့ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆဲနေတာကြောင့် အခု ၂၀၂၃ ခုနှစ် နှစ်သစ်ကူး သကြင်္န်ကို စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။

စစ်ကောင်စီကလည်း စစ်တွေမြို့အပါအဝင် မောင်တော၊ သံတွဲစတဲ့မြို့ပေါ်နဲ့ သူတို့ရုံးအခြေစိုက်ရာ မြို့တွေမှာ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်တွေ အပါအဝင် ဗဟိုမဏ္ဍပ်တွေ ဆောက်လုပ်ထားတာကို တွေ့ရပါတယ်။

အလားတူပဲ ရက္ခိုင့်တပ်တော်(AA)ဟာလည်း သူတို့ထိန်းချုပ်ရာနယ်မြေတွေဖြစ်တဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ သကြင်္န်ကို စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org