အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ လူ့အခွင့်ရေးကော်မရှင်တောင်းဆို

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ရပ်ဆိုင်းအောင်တားဆီးဖို့ အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင်က တောင်းဆိုလိုက်ပြီး၊ ဒီပဋိပက္ခတွေကို ရိုဟင်ဂျာတွေ ဖယ်ရှားရေး အတွက် အကြောင်းရင်းတစ်ရပ်အနေနဲ့ အသုံးမပြုဖို့လည်း သတိပေးလိုက်ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက မောင်တောမြို့နယ်၊ဗောဓိကုန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်။ RFA/Moe Thu Aung

လက်ရှိအခြေအနေဟာ မိမိတို့မလိုလားတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ကို အပြီးအပိုင်ဖယ်ရှားရေးအတွက် အခွင့်အလမ်းတစ်ရပ် မဖြစ်စေသင့်ဖူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားနဲ့ တခြား လွတ်လပ်တဲ့လေ့လာသူတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်း ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို သယ်ဆောင်ပြီး မလေးရှားနိုင်ငံကို ဦးတည်သွားနေတဲ့ လှေ တစ်စင်း ဘင်္ဂလားဒေ့ရှ် ကမ်းလွန်ပင်လယ်မှာ မနေ့က နစ်မြှုပ်ခဲ့ရာမှာ လူ (၁၃) လောက် ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org