ရခိုင်ပြည်နယ်မှာ ကူညီရေး လုပ်ငန်းတွေ ပြန်လုပ်ကိုင်ခွင့်ပေးဖို့ MSF တောင်းဆို

ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရပြီးကတည်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်အပ်ချက်တွေ ပိုဆိုးဝါး လာနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ အကူညီပေးရေး ပြော ကြားထားတဲ့အတိုင်း ခွင့်ပြုဖို့ ဟော်လန် နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ အကြံပေး Reshma Adatia က မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါ တယ်။

ရခိုင်ပြည်နယ်အစိုးရက MSF အဖွဲ့ ရခိုင်ပြည်နယ်ထဲ ဖိတ်ခေါ်ချက်ကို သဘောမတူနိုင်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က စစ်တွေမြို့ စေတနာမိုးခန်းမမှာ ဒေသခံတွေ အစည်းအဝေး ပြုလုပ်စဉ် Photo: Min Thine Aung / RFA

ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရပြီး ကတည်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် ချက်တွေ ပိုဆိုးဝါးလာနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ အကူညီပေးရေး ပြောကြားထားတဲ့အတိုင်း ခွင့်ပြုဖို့  ဟော်လန် နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ အကြံပေး Reshma Adatia က မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရခိုင်-မွတ်စလင်ပဋိပက္ခမှာ အာဏာပိုင်တွေ တောင်းဆိုတာကို မလိုက်လျောခဲ့တဲ့အတွက် MSF အဖွဲ့ကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် အစိုးရက ရပ်ဆိုင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်တက်လာအပြီး  ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကတော့ MSF အဖွဲ့ကို ရခိုင်ပြည် နယ်မှာ အကူညီပေးရေးလုပ်ငန်းတွေ ပြန်လုပ်ဆောင်ခွင့်ပေးမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဘယ်အချိန်အခါမှာ စပြီး ဘယ်လို လုပ်ကိုင်ခွင့်ပေးမလဲဆိုတာ အခုထိ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ MSF အဖွဲ့က ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပေးဖို့ ပြောကြားခဲ့ပေမယ့် ဒေသခံ ရခိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေက ကန့်ကွက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org