ရခိုင်ပြည်နယ်က မွတ်စလင်အရေး ကုလစိုးရိမ်

ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တာ နှစ်နှစ်ရှိပြီဖြစ်ပေမဲ့၊ ထောင်နဲ့ချီ တဲ့ မွတ်စလင်တွေ အလုံးအရင်းနဲ့ တိုင်းပြည် ကနေ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အင်္ဂါနေ့က ပြော ပါတယ်။

မြန်မာနိုင်ငံမှလှေဖြင့် ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ၂၀၀၆ ခုနှစ် ဧပြီ ၂၅ရက်နေ့တွင် အင်ဒိုနီးရှား အစောင့်ရဲနဲ့အတူ တွေ့ရစဉ် Photo: AFP

ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ နှစ်နှစ်ရှိပြီဖြစ်ပေမဲ့၊ ထောင် နဲ့ချီ တဲ့ မွတ်စလင်တွေ အလုံးအရင်းနဲ့ တိုင်းပြည်ကနေ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အင်္ဂါနေ့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်အတွင်း အကြမ်းဖက် ပဋိပက္ခ နှစ်ကြိမ်ဖြစ်ပွား ခဲ့ရာမှာ လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး၊ မွတ်စလင် အများစုပါဝင်တဲ့ ဒုက္ခသည် တစ်သိန်းလေးသောင်းလောက် နေရာရွှေ့ပြောင်းခဲ့ကြ ရပါတယ်။

အခုထိ မွတ်စလင်ဒုက္ခသည်တွေဟာ ဘင်္ဂလားပင် လယ်အော်ကနေ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနိးရှားနိုင် ငံတွေဆီကို လှေတွေနဲ့ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ လမ်းခရီး မှာအကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရသူတွေ ရှိကြောင်း၊ ထိုင်းကိုရောက်လာသူတချို့ဟာ ထိုင်း မလေးရှားနယ်စပ်အနီး၊ လူတွေပြည့်သိပ်နေတဲ့ လူမှောင်ခိုစခန်းတွေကို ရောက်သွားကြကြောင်း UNHCR  ပြောခွင့်ရသူ အန်ဒရီယန် အက်ဒဝပ်က ပြောပါတယ်။ ၂ဝ၁၂ ခုနှစ် ဇွန်လကစပြီး အခုထိ လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြသူပေါင်း ရှစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး၊ ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအထိမှာတင် ထွက်ပြေးခဲ့ကြသူပေါင်း တစ်သောင်းခွဲလောက်ရှိတယ်လို့ ဆိုပါတယ်။

အခုအခါ ရခိုင်ပြည်နယ်မှာ UNHCR ရဲ့ လူသားချင်းစာနာမှု ကူညီရေးအစီအစဉ်တွေ ပြန်စနေပြီလို့ အန်ဒရီယန် အက်ဒဝပ်က ပြောပါတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံမှုကို လှုံ့ဆော်အာေးပးတဲ့လုပ်ရပ်တွေ၊ နေရာရွှေ့ပြောင်းထားရတဲ့ အခြေအနေကို ရှည်ကြာစေမယ့်လုပ်ရပ်တွေကို သတိထားနေရပါတယ်လို့ UNHCR  ပြောခွင့်ရသူ အန်ဒရီယန် အက်ဒဝပ်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org