မြန်မာနိုင်ငံက ထုတ်လုပ်မှု ရပ်တာကြောင့် မြေရှားသတ္တုဈေးတက်နိုင်ကြောင်း တရုတ်သုံးသပ်

စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း မြေရှားသတ္တုဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်း မြေရှားသတ္တုတူးဖော်နေသည့် လုပ်ကွက် တစ်နေရာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

မြန်မာနိုင်ငံက မြေရှားသတ္တုထုတ်လုပ်မှု ရပ်ထားတာကြောင့် ကမ္ဘာ့မြေရှားသတ္တုဈေးဟာ ပိုပြီးတက်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းက နိုဝင်ဘာ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိတာဖြစ်ပြီး လက်ရှိအခြေနေအရ မြေရှားဈေးနှုန်းတွေ အဆက်မပြတ်တက်သွားနိုင်ကြောင်း သုတေသီတစ်ဦးက သုံးသပ်တာလို့ Global Times သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း မြေရှားသတ္တုဈေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တု တန်ချိန် ၃၁၀၀၀ ကို တရုတ်နိုင်ငံထဲ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ တရုတ်နိုင်ငံက ပြည်ပကနေ တင်သွင်းတဲ့ ၇၄.၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ပြောထားပါတယ်။

မြေရှားသတ္တုထုတ်လုပ်ရေးအများဆုံးရှိတဲ့ ကချင်ပြည်နယ် ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အောက်တိုဘာ ၁၈ ရက် ညမှာ သိမ်းယူပြီးနောက်ပိုင်း တရုတ်ဘက်က လျှပ်စစ်မီး၊ လောင်စာ၊ ဓာတုပစ္စည်းနဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တာကြောင့် သတ္တုတူးတဲ့လုပ်ကွက်တွေ တော်တော်များများ ရပ်နားလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း သုံးထောင့်လေးရာကျော်ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org