NCA အပေါ် RCSS နဲ့ တပ်မတော်အကြား နားလည်မှု ကွဲလွဲ
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
-
2018-11-12 -
-
-
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အဆင့်ဆင့် အစည်းအဝေးတွေမှာ အစိုးရနဲ့ RCSSကြား အပစ်ရပ် သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုမှု၊ နားလည်မှု ကွဲလွဲချက်တွေ ရှိနေပြီး JMC ဆွေးနွေးပွဲတွေမှာ ဒီကိစ္စ မဖြေရှင်းနိုင်ဘဲ မြန်မာ့တပ်မတော်က သူတို့နားလည်တဲ့အတိုင်း RCSS အပေါ် တစ်ဖက်သတ် အပြစ်ပုံချ ဆွေးနွေးနေကြောင်း၊ ဒါကြောင့် နှစ်ဘက်ကြား အပစ်ရပ် သဘောတူညီချက်တွေ အပေါ် အပြန်အလှန် နားလည်မှုရအောင် ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ပါရှိပါတယ်။
ဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ရလဒ်တွေပေါ် မူတည်ပြီး JMC အစည်းအဝေးတွေ ဆက်လက် တက်ရောက်နိုင်ခြင်း ရှိမရှိ ဆုံးဖြတ်မှာဖြစ်ကြောင်း၊ JMC ဖွံ့စည်းပုံနဲ့ လုပ်ငန်းတွေကို ပြန်လည် ပြင်ဆင်ဖို့ လိုသလို၊ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍကိုလည်း အကောင်အထည်ဖော်ဖို့လိုကြောင်း၊ ပြည်ထောင်စုက ခွဲမထွက်ရ ဆိုတဲ့အချက်ဟာ NCA မှာမပါဝင်တဲ့အတွက် RCSS အနေနဲ့ NCA အတိုင်းပဲ ရပ်တည်မှာဖြစ်ကြောင်း၊ တစ်ခုတည်းသော တပ်မတော် နဲ့ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးမှုတွေကနေ အဖြေရှာသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။