RCSS နဲ့ TNLA တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေး

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာထဲမှာ မနေ့ညက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် ပန်လုံ ရွာသားနှစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သလို ရွာလုံးကျွတ်လည်း သီပေါမြို့ပေါ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

RCSS/SSA နဲ့ TNLA တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ နမ္မတူမြို့နယ် ပန်လုံရွာက စစ်ပြေးဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် Photo: Shar Htat Paing - facebook

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာထဲမှာ မနေ့ညက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် ပန်လုံ ရွာသားနှစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သလို  ရွာလုံးကျွတ်လည်း သီပေါမြို့ပေါ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

သီပေါမြို့ပေါ်ကို ရောက်ရှိလာသူ နှစ်ရာကျော်သွားပြီလို့ သီပေါမြို့အခြေစိုက် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းလောင်ဆိုင် က ပြောပါတယ်။

"စ ပြေးလာကတည်းက ရွာသားတွေပြောပြချက်အရတော့ ဒီနှစ်ဖွဲ့က မတည့်တဲ့အဖွဲ့တွေပေါ့၊ သူတို့ နှစ်ဖွဲ့ပဲရှိတယ်ပေါ့နော်၊ အစိုးရတပ်မတော်လည်းရှိတယ်၊ ဒါပေမဲ့ ချိန်နေတာတော့ သူတို့နှစ်ဖွဲ့ပဲပေါ့၊ ရွာသားတွေပြောပြချက်အရ RCSS နဲ့ TNLA ပေါ့"

ပန်လုံရွာထဲမှာ မနေ့ည ၇ နာရီခွဲဝန်းကျင်လောက်မှာ ပစ်ခတ်ကြတာဖြစ်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၅၄ နှစ်ရှိ ဦးစံထွန်းရဲ့ ရင်ဘတ်ကို တိုက်ပွဲကလာတဲ့ သေနတ်ကျည် ထိမှန်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ်ရှိ ရွာသား စိုင်းမူရဲ့ ညာဖက်လက်ဖျံကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူနှစ်ဦးဟာ လက်ရှိ သီပေါဆေးရုံမှာ ဆေးကုသနေပြီး မန္တလေးဆေးရုံကိုပို့ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

သီပေါမြို့မှာရှိတဲ့ ဘိုးတော်ကျောင်း၊ မန်လီကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြသူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org