RCSS အဖွဲ့ ဆွစ်ဇာလန်လေ့လာရေး စတင်

ဆွစ်ဇာလန်နိုင်ငံက ဖက်ဒရယ်စနစ် ကျင့်သုံးပုံတွေ၊ အုပ်ချုပ်ရေးနည်းစနစ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကတဆင့် ဆွစ်ဇာလန်နိုင်ငံကို မနေ့က ထွက်ခွာသွား ပါတယ်။

RCSS/SSA ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းနေစဉ် Photo: Aung Moe Myint/RFA

ဆွစ်ဇာလန်နိုင်ငံက ဖက်ဒရယ်စနစ်ကျင့်သုံးပုံတွေ၊ အုပ်ချုပ်ရေးနည်းစနစ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေးစနစ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကတဆင့် ဆွစ်ဇာလန်နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။

ခရီးစဉ်မှာပါဝင်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်း က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ဆွစ်ဇာလန်နိုင်ငံနဲ့ အခု ကျနော်တို့ ရှမ်းပြည်နဲ့က ပထဝီအနေအထားအရ ခပ်ဆင်ဆင်ဆိုတော့ သူတို့ကျင့် သုံးနေတဲ့ ဖက်ဒရယ်စနစ်ဟာ ကျနော်တို့ ရှမ်းပြည်အတွက် ဘယ်လိုအထောက်အကူ ပြုနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သွားလေ့လာဖို့ပါ၊ ပထမဦးဆုံးကျတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ဆုံ မှာဖြစ်ပါတယ်၊ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်ပေါ့နော် သူတို့ရဲ့ သမိုင်းကြောင်းတွေ သူတို့ရဲ့ နိုင်ငံရေး စနစ်မှာဘယ်လို လည်ပတ်တယ်၊ နောက်ပြီးတော့ သူတို့ရဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံအဆင့်ဆင့် ဘယ်လိုရှိတယ် ဆိုတဲ့အကြောင်းကို သူတို့ရှင်းပြမှာဖြစ်ပါတယ်"

ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ဒီခရီးစဉ်မှာ RCSS အဖွဲ့ရဲ့ နိုင်ငံရေး အတိုင်ပင်ခံတွေဖြစ်ကြတဲ့ ကြောက်ဝ် ခွန်ဆိုင်း၊ ကြောက်ဝ် ပင်းခမ်း၊ RCSS အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း၊ နိုင်ငံခြားရေးဌာနက အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ယွက်မိဏ်း စတဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org