တအာင်းတိုင်းရင်းသားတစ်ဦးကို RCSS/SSA ဖမ်းဆီး
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လော့ကျေးရွာသား တအာင်းတိုင်းရင်း သားတစ်ဦးကို RCSS/ SSA (ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ) အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတဲ့အပေါ် ကန့်ကွက် ရှုတ်ချကြောင်း တအာင်း(ပလောင် )အမျိုးသားပါတီက ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
-
2017-06-26 -
-
-
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လော့ကျေးရွာသား တအာင်းတိုင်းရင်းသားတစ်ဦးကို RCSS/ SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် ကန့်ကွက် ရှုတ်ချကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီက ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာကို ဒေသခံတွေ ကိုယ်တိုင် တွေ့လိုက်ရကြောင်း သတင်းလာပို့ကြတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ နမ္မတူမြို့နယ် ဥက္ကဌ ဦးအိုက်ထိုက်က ပြောပါတယ်။
"ပြီးခဲ့တဲ့သုံးလေးရက်ပေါ့နော်၊ နမ္မတူမြို့နယ်၊ နားစိုက်ကျေးရွာ၊ လွယ်ပြင်းအုပ်စုက ပန်လောရွာခံပေါ့၊ မိုင်းအိုက်စံနဲ့ မိုင်းညီအေးနှစ်ယောက်ကို RCSS/SSA ရှမ်းပြည်ထူထောင်ရေးတပ်မတော်ပေါ့နော်၊ သူတို့ အဖွဲ့တွေက လမ်းမှာရိုက်နှက်ဖမ်းဆီးပြီးခေါ်ဆောင်သွားတယ်၊ မိုင်းညီအေးကိုတော့ နောက်တစ်ရက် အကြာမှာ ပြန်လွတ်ပေးလိုက်တယ်၊ ဒါပေမဲ့ မိုင်းအိုက်စံကိုတော့ ပြန်မလွတ်ပေးသေးဘူး၊ အဲဒီကိစ္စနဲ့ပတ် သက်ပြီး စာပေရောပါတီရော လူငယ်တွေရော သူ့သဘောထား ကိုယ့်သဘောထား အားလုံးထုတ်ပြန်ထား တယ်"
လက်ရှိအချိန်ထိလည်း အဖမ်းခံထားရတဲ့ တအာင်းပြည်သူ ၁၄ ဦးအထိရှိနေပြီး ပြန်လွတ်မလာသေး ကြောင်း၊ တအာင်းပြည်သူတွေရဲ့ ဘဝလုံခြုံမှုမရှိဘဲ တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ မလုံခြုံတော့တာ၊ တောင်ယာ လုပ် ကိုင်ခွင့်မပေးတာတွေကြောင့် တအာင်းနဲ့ရှမ်းလူမျိုးတွေ အတူယှဉ်တွဲနေထိုင်ဖို့ ယုံကြည်မှု ပျက်ပြားစေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။