ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်း သားလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က မိုင်းဝီးကျေးရွာနားတစ်ဝိုက်မှာ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက မိုင်းဝီးကျေးရွာနားတစ်ဝိုက်မှာ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ပြောခွင့်ရသူ ဗိုလ်ကြီးမိုင်းအိုက်ကျော် က ပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့ဒေသက နမ့်ခမ်းမြို့နယ် မိုင်းဝီးအနောက်ဘက်က ရွာနားမှာဖြစ်တာပါ၊ တိုက်ပွဲကတော့ ၂၇ ရက်နေ့ကစတယ်၊ RCSS အဖွဲ့နဲ့ ဖြစ်ပွားတယ်၊ ၂၈၊ ၂၉၊ ၃ဝမှာ အစိုးရအဖွဲ့တွေပါလာတယ်"

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲမှာ TNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတာကို RCSS/SSA က အမည်မဖော် လိုသူတစ်ဦးကလည်း အတည်ပြုပြော ပါတယ်။

RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးတာတွေရှိနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိကြောင်းလည်း ဒေသ ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org