သီပေါမှာ စစ်ဘေးဒုက္ခသည်တွေ ဆက်တိုးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီကျေးရွာအနီးမှာ ရှမ်းပြည် တိုးတက် ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာကြောင့် ကျင်သီနဲ့ လောက်ခွမ်းကျေးရွာအုပ်စုက ကျေးရွာ သားတွေဟာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးခိုလှုံနေရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ဘော်ကြိုကျောင်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ၂၀၂၂ ဇန်နဝါရီ ၉ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီကျေးရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာကြောင့် ကျင်သီနဲ့ လောက်ခွမ်းကျေးရွာအုပ်စုက ကျေးရွာသားတွေဟာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးခိုလှုံနေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ကျင်သီကျေးရွာအနီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်စု နှစ်ခုက လူဦးရေ ၂၀၀ ကျော် ထွက်ပြေးခဲ့ကြရပြီး ဒီကနေ့မှာလည်း ထပ်မံထွက်ပြေးလာသူတွေ ဆက်ရှိနေတာကြောင့် လူဦးရေ ၂၅၀ ဝန်းကျင်အထိ ရှိလာနေတယ်လို့ အကူအညီပေးနေသူတွေက ပြော ပါတယ်။

ထွက်ပြေးလာသူတွေကို သီပေါနဲ့ ဘော်ကြိုကျေးရွာက ပရဟိတအဖွဲ့တွေ၊ ရှမ်းလူမှုကူညီရေးအဖွဲ့တွေက ကူညီပေးနေတယ်လို့ သီပေါနယ်စည်းမခြား ပရဟိတ အသင်းခေါင်းဆောင် ကိုမျိုး က ပြောပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ ပြီးခဲ့နှစ် နိုဝင်ဘာလက ဟူးဆွန်ကျေးရွာအုပ်စုနဲ့ ပုံးလုံကျေးရွာအုပ်စုအတွင်း RCSS နဲ့ SSPP/TNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့ ရှမ်းစာပေယာဉ်ကျေးမှုခန်းမကို ထွက်ပြေးလာတဲ့ ကျေးရွာသား ၃၀၀ ကျော်ဟာလည်း ဒီနေ့အထိ နေရပ်မပြန်နိုင်သေးပါဘူး။

အလားတူ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ရှမ်းလက် နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ကျေးရွာရှစ်ရွာက ဒေသခံ ၃၀၀၀ ဝန်းကျင်ဟာ မိုင်းကိုင်မြို့ဘုန်းတော်ကြီး ကျောင်းအပါအဝင် နေရာ ရှစ်ခုမှာ ခိုလှုံနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org