RCSS နဲ့ TNLA တိုက်ပွဲတွေကြောင့် သီပေါမြို့မှာ စစ်ပြေးဒုက္ခသည် ထပ်တိုး

နမ္မတူမြို့နယ် ပန်လုံကျေးရွာတစ်ဝိုက်မှာ ဒီကနေ့မနက်အထိ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သီပေါမြို့ပေါ်မှာ ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။

RCSS နဲ့ TNLA တိုက်ပွဲတွေကြောင့် သီပေါမြို့မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

နမ္မတူမြို့နယ် ပန်လုံကျေးရွာတစ်ဝိုက်မှာ ဒီကနေ့မနက်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်တွေ တိုက်ပွဲဆက် လက်ဖြစ်ပွားနေပြီး သီပေါမြို့ပေါ်မှာ ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။

ပန်လုံရွာက ဂေါ်ရခါးလူမျိုး တစ်ရာဝန်းကျင်အပါအဝင် ရှမ်းနဲ့ ပလောင်တိုင်းရင်းသား လေးရာလောက် သီပေါမြို့ တာပုတ် ဘုန်းတော်ကြီးကျောင်းကို ရောက်လာသလို၊ မိုးတေကျေးရွာအုပ်စု အတွင်းမှာလည်း နမ္မတူမြို့နယ် မန်လီ၊ ပန်သပြေ စတဲ့ကျေးရွာတွေက ဒုက္ခသည်နှစ်ရာကျော်လောက်အတွက် ဒုက္ခသည်စခန်းတစ်ခု ဖွင့်ပေးထားရပါတယ်။

သီပေါမြို့မှာ ဒုက္ခသည်စခန်း ငါးခုရှိနေပြီဖြစ်ပြီး လူဦးရေ ၁၇၀၀ လောက်အထိ ရှိနေပြီဖြစ်ပါတယ်။ အရင်က ဒုက္ခသည်ဦးရေ ၁၀၀၀ လောက်ရှိရာကနေ အခု ၇၀၀ ဝန်းကျင်လောက် ထပ်တိုးလာတာဖြစ်ပါတယ်။

ဆောင်းတွင်းကာလ ဖြစ်နေတာကြောင့် ထွက်ပြေးလာတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် အဝတ်အထည် နဲ့ စောင်တွေ အရေးပေါ်လိုအပ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ အဲဒီနေရာတွေကို အစိုးရတပ်မတော်ဘက်က စစ်ကြောင်းတွေ သွားရောက်နေပြီဖြစ်သလို ပန်သပြေကျေးရွာမှာ လည်းအစိုးရတပ်တွေ လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org