မုန်တိုင်းငယ်ကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း ငယ်ဟာ နောက် ၁၂ နာရီ အတွင်း မြစ်ဝကျွန်းပေါ်ဒေသအနီးကို ဦးတည်ရွေ့ လျားနိုင်ကြောင်းနဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ် လိုက်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကို တွေ့ရစဉ် Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ Facebook

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်း ပေါ်ဒေသအနီး ကို ဦးတည်ရွေ့လျားနိုင်ကြောင်း နဲ့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် အနီရောင်အဆင့်သတ်မှတ် လိုက်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။

အဲ့ဒီမုန်တိုင်းငယ်ဟာ ကိုကိုးကျွန်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် (၁၂၅) မိုင်ခန့်၊ ဂွမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၁၅၅) မိုင်ခန့်နဲ့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် (၂၀၅) မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီကို (၄၅)မိုင်ကနေ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးမှာ တစ်နာရီကို မိုင်(၃၀)ကနေ (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထား ပါတယ်။

ဒါ့အပြင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲ ခရိုင်တို့မှာ (၇)ပေကနေ (၁၀)ပေခန့် အထိ မြင့်တက်နိုင်ပါတယ်။

မနေ့ကလည်း စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့ထဲရပ်ကွက်အပါအဝင် ရပ်ကွက် ၈ ခုလောက် ရေကြီးခဲ့ပြီး တချို့နေရာတွေမှာ ရင်လောက်အထိ ရေဖုံးလွှမ်းခဲ့တယ် လို့ စစ်ကိုင်းမြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက် က ပြောပါတယ်။

ဒါ့အပြင် ရေတွေဝင်ရောက်မှုကြောင့် ထုံးဘိုရပ်ကွက်က နေအိမ် ၄ လုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် လာမယ့် ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင် တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့၊ မြန်မာ့ ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေ နဲ့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် သတိပြုနေထိုင်ကြဖို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက သတိပေးချက်ထုတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org