ဒုက္ခသည် မူဝါဒတွေ ပြင်ဆင် ဖို့ မြန်မာနဲ့ ထိုင်းကို HRW တိုက်တွန်း
အရှေ့တောင်အာရှ ဒေသတွင်းမှာ လှေစီး ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းခိုလှုံသူများဆိုင်ရာ မူဝါဒတွေကို တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ကြဖို့ HRW လူ့အခွင့်အရေးအဖွဲ့က မြန်မာနဲ့ ထိုင်း နိုင်ငံ ကို တိုက်တွန်းလိုက်ပါတယ်။
-
2015-05-25 -
-
-
အရှေ့တောင်အာရှ ဒေသတွင်းမှာ လှေစီးဒုက္ခ သည်တွေအရေးနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းခိုလှုံသူများ ဆိုင်ရာ မူဝါဒတွေကို တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ကြဖို့ HRW လူ့အခွင့်အရေးအဖွဲ့ က မြန်မာနဲ့ ထိုင်း နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
အခုအခါ လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေ လှေတစ်စီးထဲမှာ ရောထွေးတွေ့ရှိနေရပြီး၊ အရေအတွက် အမှန်ကို သိရဖို့ခက်ခဲကြောင်း၊ အရပ် ဘက်အဖွဲ့အစည်းတွေကတော့ နှစ်ဖက် အရေအတွက် ဆတူလောက်ရှိမယ်လို့ခန့်မှန်းကြကြောင်း HRW က ပြောပါတယ်။
ဒါပေမဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က တော့ ရွှေ့ပြောင်းလှေစီး ဒုက္ခသည်အများစု ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာသူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောဆိုတယ်လို့ သတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။