ဒုက္ခသည်တွေကို လူမနေတဲ့ကျွန်းပေါ် ပို့ထားရေး အစီအစဉ် စွန့်လွှတ်ဖို့ HRW တိုက်တွန်း

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် ပို့ထားရေးအစီအစဉ်ကို စွန့်လွှတ်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ် Photo: AP

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို  လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် ပို့ထားရေးအစီအစဉ်ကို စွန့်လွှတ်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အခုလို မိုးများတဲ့ကာလအတွင်း အဲဒီကျွန်းပေါ်မှာ ရေကြီးရေလျှံတဲ့အန္တရာယ်ကြောင့် စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ အစီအစဉ်အစား အခု လက်ရှိ ဒုက္ခသည် ၇ သိန်းလောက်ရှိနေတဲ့ စခန်းအနီးမှာ ပိုပြီး လုံခြုံကောင်းမွန်တဲ့ နေရာ ၆ နေရာကို နိုင်ငံတကာကျွမ်းကျင်သူတွေ တွေ့ရှိထားတဲ့အတွက်၊ အဲဒီနေရာတွေဆီ ခွဲဝေပြီး ပြန်လည် နေရာချ ထားမယ်ဆိုရင် လက်ရှိ စခန်းအတွင်း လူဦးရေ မတန်တဆ ပြည့်သိပ်နေတဲ့ အခြေအနေကနေ လွတ်ကင်းသက်သာ သွားမှာဖြစ်သလို၊ ဒုက္ခသည်တွေ အတွက်လည်း ကျန်းမာရေးအပါအဝင် လုံလောက်တဲ့ စံချိန်မီ ဝန်ဆောင်မှုတွေ ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ HRW အဖွဲ့ က ပြောပါတယ်။

ဒါပေမဲ့ ဘင်္ဂလာဒေ့ရှ် အစိုးရကတော့ ဒုက္ခသည်စခန်းတွေဟာ ယာယီအတွက်သာဖြစ်ပြီး၊ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်နိုင်ကြတဲ့အထိသာ လက်ခံထားမှာဖြစ်ကြောင်း၊ ဒါကြောင့် စခန်းတွင်းမှာ မုန်တိုင်းဒဏ် ခံနိုင်ရည်ရှိတဲ့ အဆောက် အဦတွေ၊ ရေရှည် အခိုင်အမာ အဆောက်အဦတွေ တည်ဆောက်ခွင့် ပိတ်ပင်ထားတာဖြစ်ကြောင်း ငြင်းဆိုထား တယ်လို့ HRW အဖွဲ့က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org