တိုက်ပွဲများကြောင့် ဒုက္ခသည်များ အကူအညီ ပေးခွင့်မရ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က စစ်ပွဲတွေပြန်ဖြစ်နေတဲ့အတွက် ဒုက္ခ သည်တွေကို စားနပ်ရိက္ခာ၊ အဝတ်အထည် နဲ့ဆေးဝါးအကူအညီတွေပို့ခွင့်မရတာ နှစ်လကျော်သွားပြီလို့ကုလသမဂ္ဂ ကယ်ဆယ်ရေး အရာရှိတွေက ပြောကြားကြ ပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေကြောင့် တရုတ် နယ်စပ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေ သည့် ဒေသခံများကို တွေ့ရစဉ် photo: Jade Land Facebook

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က စစ် ပွဲတွေပြန်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေကို စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ဆေးဝါးအကူ အညီတွေပို့ခွင့်မရတာ နှစ်လကျော်သွားပြီလို့ ကုလသမဂ္ဂ ကယ်ဆယ်ရေးအရာရှိတွေ က ပြောကြားကြပါတယ်။

စစ်ပြေးဒုက္ခသည် ၃ သောင်းလောက်အတွက် တနှစ်နီးပါးကြာ လစဉ်ပေးပို့နေတဲ့ အကူအညီတွေကို စက်တင်ဘာလကထဲကစလို့ အစိုးရထိန်းချုပ် တဲ့နယ်မြေကိုကျော်ပြီး မပေးနိုင်ပဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအကူအညီတွေပေးခွင့်မရတာဟာ လုံခြုံရေး အကြောင်းပြချက်အပြင်၊ ဗျူရိုကရေစီယန္တယားကြောင့် လဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ကူညီရေး UNOCHA ကထုတ်ပြန်တဲ့အစီရင်ခံစာ မှာဖေါ်ပြထား ပါတယ်။

အခုဆိုရင်ဆောင်းတွင်းရောက်လို့  ရာသီဥတုအေးလာတာနဲ့အမျှ ကလေးသူငယ် ၁၂,၀၀၀ အပါအဝင် လူပေါင်း ၂၈,၀၀၀  လောက်အတွက် စောင်တွေအနွေးထည်တွေလဲ မပေးနိုင်ပဲဖြစ်နေတယ်လို့ အဲ့ဒီအစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org