ဒုက္ခသည် ကူညီရေး သြစတြေးလျ ဒေါ်လာ ၂ သန်းခွဲ ထပ်ပေးမည်

ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို လူမှုရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၂ သန်းခွဲ တိုးမြှင့်ပေးအပ်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဒေသအတွင်းမှာ နေထိုင်နေကြသည့် မွတ်စလင်လူမျိုးများကို တွေ့ရစဉ်

ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို လူမှုရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၂ သန်းခွဲ တိုးမြှင့်ပေးအပ်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့၊ သြစတြေးလျသံရုံးမှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့်မိုးရာသီအတွင်း လိုအပ်လာမယ့် အမိုးအကာနဲ့ ရေသန့်ရရှိရေး၊ မိလ္လာသန့်ရှင်းရေး လုပ်ငန်းတွေအတွက် သုံးစွဲသွားမယ်လို့ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံနဲ့ တခြားအရှေ့တောင်အာရှ နိုင်ငံတွေကို ရေကြောင်းကနေ လှေတွေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံတောင်ပိုင်းကို ဆိုက်ရောက်လာတဲ့အခါ  ကူညီစောင့်ရှောက်ပေးရေးအတွက် ထိုင်းအစိုးရကိုလဲ သြစတြေးလျအစိုးရက အကူအညီပေးသွားမှာဖြစ်ကြောင်း မစ္စတာကားက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သိန်း နှစ်သောင်းလောက်ဟာ ဒုက္ခသည်စခန်းနှစ်ခုမှာ ရောက်ရှိနေကြတယ်လို့ ABC သြစတြေးလျ အသံလွှင့်ဌာနက ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org