ဒုက္ခသည်တွေ အမေရိကန်မှာ ပြောင်းရွှေ့နေ ထိုင်ရေး ဆွေးနွေး

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည် စခန်းက ဒုက္ခသည်လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံ မှာ ပြောင်းရွှေ့အခြေချလိုတယ်ဆိုရင် ၃ လ အတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံးအရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည်စခန်းမှာ ပြောခဲ့ ပါတယ်။

ထိုင်း-မြန်မာနယ်စပ် နို့ဘိုးဒုက္ခသည်စခန်းမှာ မတ်လ ၅ ရက်နေ့က ဒုက္ခသည် ပြောင်းရွှေ့နေထိုင်ရေးကို အမေရိကန်သံအရာရှိတွေ လာရောက်တွေ့ဆုံရှင်းပြခဲ့စဉ်

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နိ့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်လူဟောင်းတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ  ပြောင်းရွှေ့အခြေချလိုတယ်ဆိုရင် ၃ လအတွင်း စာရင်းတင်ကြဖို့ အမေရိကန်သံရုံးအရာရှိတွေက မနေ့က မတ်လ ၅ ရက် နို့ဘိုးဒုက္ခသည်စခန်းမှာ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ရုံး တာဝန်ခံ Kenneth Foster နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကိုယ်စားလှယ်တွေဟာ မနေ့က နို့ဘိုးစခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။

ဒီအစီအစဉ်အရ ၂၀၀၆ခုနှစ် ကာလတွေအတွင်းက ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပြီး UNHCR နဲ့ ထိုင်းအစိုးရက အသိအမှတ်ပြုခံထားရတဲ့ နို့ဖိုးစခန်းရှိ ဒုက္ခသည်များတွေအနေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ ပြောဆိုကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

ဒီအစီအစဉ်အရဆိုရင် နို့ဘိုးဒုက္ခသည်စခန်းကို ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ရောက်လာသူတွေနဲ့ စခန်းတွင်းဒုက္ခသည်အဖြစ် ယာယီအသိအမှတ်ပြု ခံထားရသူတွေ မပါတဲ့အတွက် လျှောက်ထားခွင့်ရှိသူဦးရေဟာ ရာဂဏန်းလောက်သာရှိပြီး၊ လျှောက်ထားခွင့်မရှိသူ စခန်းလူဦးရေ ၇၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် အများစုဖြစ်ပါတယ်။

ဒါကြောင့်ကျန်ရှိသူများက မြန်မာပြည်ကို မပြန်လိုတာကြောင့် ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ခွင့်နဲ့ မိမိတို့သားသမီးများ ပညာဆက်လက်သင်ကြားခွင့်ရရေးအတွက် စာရေးသားတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ မစ္စတာဒေးဗစ်ရော်ဘင်ဆန်က မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခွင့် ခေါ်ယူမှုအစီအစဉ်ကို လာမယ့် ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းမှာ ရပ်နားတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org