KIA ကချင်တပ်နဲ့ အဆက်အသွယ်ရှိ ကိုယ်စားလှယ်လောင်း ၃ ဦး ပယ်ချခံရ

ကချင်ပြည်နယ် တနိုင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီက ၁ ဦး စုစုပေါင်း ၃ ဦးရဲ့ မိသားစုဝင်တွေဟာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်တွေဖြစ်နေ တဲ့အတွက် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးကို တွေ့ရစဉ်

ကချင်ပြည်နယ် တနိုင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ၁ ဦး စုစုပေါင်း ၃ ဦးရဲ့ မိသားစုဝင်တွေဟာ KIA ကချင်လွတ်မြောက်ရေး တပ်မတော် အဖွဲ့ဝင်တွေဖြစ်နေတဲ့အတွက် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ပါတယ်။ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အသင်းနဲ့ ဆက်သွယ်သူတွေဟာ ရွေးကောက်ပွဲဝင်ခွင့်မရှိတဲ့အတွက် ခရိုင်ကော်မရှင်က ဥပဒေနဲ့အညီ စိစစ်ပြီး ပယ်ချထားတာကို ပြည်နယ်ကော်မရှင်မှာ ထပ်မံစိစစ်နေတယ် လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလှဝေက ပြောပါတယ်။

"မြစ်ကြီးနားခရိုင်က ၃ ဦးပေါ့၊ ဥပဒေမှာပါတဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲပေါ့၊ ဒီမှာအယူခံအမှုဖွင့်ပြီးတော့ ကျနော် တို့ ကြားနာစစ်ဆေးနေပါတယ်၊ သူတို့ရှင်းလင်းတင်ပြချက်အပေါ်မူတည်ပြီး အထောက်အထားအခိုင်အမာ နဲ့ ပြလို့ရှိရင် ပြည်နယ်ကော်မရှင် သူတို့တင်ပြချက်အပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ၊ ဒါကို ဒီတစ်ပတ်ထဲမှာပဲ ပြည် နယ်ကော်မရှင်အဖွဲ့ထိုင်ပြီး ဆုံးဖြတ်ပေးမှာပါ"

ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၃ဦးထဲက တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားတဲ့ ဦးအင်ဝမ်ခန်းဇော်တန်က KIA အဖွဲ့ထဲမှာ သူ့ရဲ့အကိုရှိနေတဲ့အတွက် ခရိုင်ကော်မရှင်က ပယ်ချတာဖြစ်တယ်လို့ ပြောပါတယ်။

"အဖွဲ့အစည်းမှာ အကိုရှိသလားဆိုတော့ ကျနော်ကရှိတယ်ပေါ့၊ KIA ပေါ့ ဒါဆိုမရဘူးပြောတယ်၊ အဲဒါကြောင့် ကျနော်တို့ ကချင်တိုင်းရင်းသားတွေဟာ အဖွဲ့အစည်းနဲ့ ကင်းတဲ့လူတော့မရှိဘူးလို့ ကျနော်ကပြောတယ်"

အလားတူ တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဦးနောင်နဂျာတန်ကလည်း သူ့သမီးနှစ်ဦးဟာ KIA တပ်ဖွဲ့ဝင်တွေနဲ့ လက်ထပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချခံထားရပါတယ်။ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ထံ အယူခံတင်ထားပြီး စိစစ်ခံနေတယ်လို့ သိရပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ကချင်တစ်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၇၀ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org