ကျားဖြူ ကိုယ်စားလှယ်လောင်း နှစ်ဦး ပယ်ချခံရ

ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ အသက် ၂၅ နှစ် မပြည့်လို့ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရတဲ့အတွက် ကိုယ်စားလှယ်လောင်း ၂၀၈ ဦး ရွေးကောက်ပွဲ ဝင်ခွင့်ရမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ကျားဖြူပါတီက ဗဟိုကော်မတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ် Photo: Khun Yarzar/RFA

ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ အသက် ၂၅ နှစ် မပြည့်လို့ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရတဲ့အတွက် ကိုယ်စားလှယ်လောင်း ၂၀၈ ဦး ရွေးကောက်ပွဲ ဝင်ခွင့်ရမှာဖြစ်ပါတယ်။

ပင်လောင်းမြို့နယ်နဲ့ မိုင်းလားမြို့နယ်တို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ဦးဟာ အမည်စာရင်း တင်တဲ့အချိန်မှာ အသက် ၂၅ နှစ်မပြည့်သေးလို့ ပယ်ချခံရတာလို့ ကျားဖြူပါတီရုံးချုပ် ညွှန်ကြားရေးမှူး ဒေါ်နန်း သန်းသန်းရွှေက ပြောပါတယ်။

"ပယ်လောင်းကတစ်ယောက် အပယ်ခံရတယ်၊ သို့သော် အယူခံဝင်ခိုင်းတာပေါ့နော်၊ ဒါပေမဲ့ မဝင်တော့ဘူး ဆိုတော့ နေလိုက်တယ်လေ၊ အဲဒါနဲ့ အပယ်ခံရတယ်၊ နောက်တစ်ယောက်ကတော့ မိုင်းလားကလေ ၊ ရွေးကောက်ပွဲဥပဒေမှာ သူက အဆိုတင်သွင်းမယ့်နေ့မှာ အသက် ၂၅ နှစ်ပြည့်ရမယ်ဆိုတာပါပြီးသား၊ ဒီဥပဒေလေးနဲ့ ငြိနေတယ်လေ"

ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေ ဟာ အသက် ၂၅ နှစ်ရှိရမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက အသက် ၃၀ ရှိရမှာဖြစ် ပါတယ်။

ကျားဖြူပါတီဟာ ရှမ်း၊ ကယား၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၅ခုက မြို့နယ် ၆၆ ခုမှာ ကိုယ်စားလှယ်လောင်း ၂၀၈ ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၉ ဦးပါဝင်ပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိုယ်စားလှယ်လောင်းတွေအတွက် အမည်စာရင်းတင်သွင်းစရိတ်နဲ့ မဲဆွယ်စည်းရုံးစရိတ်တွေကို ပါတီဗဟိုကော်မတီက ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org