နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ်
ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့တိုင်းရင်းသား နယ်မြေတွေက စစ်ပွဲတွေရပ်စဲရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားရမယ်လို့ မိန့်ကြားလိုက်ပါတယ်။
-
2012-01-17 -
-
-
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာသူ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို မဂ္ဂင်ကျောင်းတွင် သတင်းသုံးနေစဉ် တွေ့ရပုံ။ ဓာတ်ပုံ - RFA
RFA
ရွှေဝါရောင် တော်လှန်ရေးဟာ မြန်မာပြည်ရဲ့လိုအပ်ချက်အရ ဖြစ်ပေါ်ခဲ့ရတာဖြစ်ပြီး အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင်နဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က လုပ်ဖေါ်ကိုင်ဖက် သံဃာတော်တွေနဲ့လည်း ပြန်လည် တွေ့ဆုံခဲ့ပြီး သံဃာတော်တွေ ဆက်လက် ရပ်တည် လှုပ်ရှားသွားမယ့် အခြေအနေတွေကို ဆွေးနွေးနေကြောင်း သိရပါတယ်။ ပထမဆုံး အနေနဲ့ အကျဉ်းထောင်တွေ အတွင်း ကျန်ရှိနေတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြောင်းမြ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး မဂ္ဂင်ကျောင်းကို ကိုယ်တိုင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး သတင်းသုံး နေထိုင်လျက်ရှိတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရကို ဆက်လက် လုပ်ဆောင်မယ့် အစီအစဉ်နဲ့ ဖြစ်ပျက် တွေ့ကြုံခဲ့ရတာတွေ အကြောင်း အာအက်ဖ်အေ ဝိုင်းတော်သား ဦးဇော်မိုးကျော်က ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |