ဗုဒ္ဓ ၉ဝ၊ ခရစ်ယာန် ၆ နဲ့ မွတ်စလင် ၂ ရာခိုင်နှုန်းရှိ
ရခိုင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးမှာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေကို အချိန်ကာလ သတ်မှတ်မထားဘဲ စိတ်ရှည်ရှည်ထား ပြီး ကောက်ယူသွားမှာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင် စုဝန်ကြီး က ပြောပါတယ်။
-
2016-07-21 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို အချိန်ကာလသတ်မှတ်မထားဘဲ စိတ်ရှည်ရှည်ထားပြီး ကောက်ယူသွားမှာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဒီနေ့ နေပြည်တော် Hotel Max မှာ ပြုလုပ်တဲ့ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ ကိုးကွယ်တဲ့ဘာသာ ထုတ်ပြန်ခြင်း အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြော လိုက်တာဖြစ်ပါတယ်။
"ကာလသတ်မှတ်ချက်မရှိပါဘူး၊ ရက်တစ်ရာမှာ စတင်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းတစ်ခုပါပဲ၊ ဆက်ပြီးတော့မှ ရှိနေတဲ့အင်အားတွေ ပြည့်စုံအောင်လို့ စိတ်ရှည်သည်းခံစွာနဲ့ စည်းရုံးတဲ့နည်းနဲ့ သူတို့တွေကို အမှန်အကန် လုပ်ပေးတယ်ဆိုတဲ့အမြင်တွေ သူတို့ထဲမှာရောက်ရှိလာမယ်၊ သူတို့တောင်းဆိုတဲ့ ဖြေလျော့နိုင်တဲ့ကိစ္စတွေ ကို ဖြေလျော့ပြီးဆောင်ရွက်ပေးမယ်ဆိုရင် သူတို့ယုံကြည်လာပြီးတော့မှ တိုးတက်မှုတွေ လုပ်ဆောင်မှုတွေ ပိုမိုလာလိမ့်မယ်လို့ ဒီလိုပဲမျှော်လင့်ပြီး ဆောင်ရွက်နေပါတယ်"
၂ဝ၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ၈၉ ဒသမ ၈ ရာခိုင်နှုန်း၊ ခရစ်ယာန် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလာမ် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ဟိန္ဒူ ၀ ဒဿမ ၅ ရာခိုင်နှုန်း ၊ နတ်ကိုးကွယ်သူ ၀ ဒဿမ ၈ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
သန်းခေါင်စာရင်း ကောက်ယူဖို့ ကျန်နေတာက ရခိုင်ပြည်နယ်မှာ မွတ်စလင် လူဦးရေက တစ်သန်းကျော်၊ ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေထဲမှာ လေးသောင်းငါးထောင်ကျော်နဲ့ ကရင်ပြည်နယ် တပ်မဟာ ( ၅ ) ထိန်းချုပ်နယ်မြေထဲ ခုနှစ်သောင်းနီးပါးကျန်ရှိနေပါတယ်။
ကောက်ယူဖို့ ကျန်တဲ့ ရခိုင် ကချင် နဲ့ ကရင်ပြည်နယ်တွေက လူဦးရေအားလုံးကိုပါ တွက်လိုက်ရင် ရာခိုင်နှုန်း ပြောင်း သွားမှာဖြစ်ပြီး ဗုဒ္ဓဘာသာ ၈၇.၉ ရာခိုင်နှုန်း ၊ ခရစ်ယာန် ၆.၂ ရာခိုင်နှုန်း၊ အစ္စလာမ် ၄.၃ ရာခိုင်နှုန်း ၊ ဟိန္ဒူဘာသာ ဝ.၅ ရာခိုင်နှုန်း ရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လပိုင်းကစပြီး အစိုးရရဲ့ ရက်တစ်ရာစီမံချက် အရ ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်နေရာမှာ နိုင်ငံသားစိစစ်ခံယူခွင့်ကဒ် လို့ခေါ်တဲ့ (National Verification Card) NVC ကဒ်တွေကို ထုတ်ပေးနေရာမှာ မွတ်စလင်အများစုက လက်မခံကြပါဘူး။