ပဋိပက္ခတွေကြောင့် ဒေသအတွင်း ဖွံ့ဖြိုးရေးကို ထိခိုက်နိုင်

အာဆီယံဒေသအတွင်းမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ ဟာ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်တွေဖြစ်တယ်လို့ ဒီနေ့မန္တလေးမြို့ မက်သဒစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာကျင်းပတဲ့ ဘာသာပေါင်းစုံဆွးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ JUST အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ ချန်ဒရာမူဇာဗာ(Dr. Chandra Musaffar)က ပြောပါတယ်။

အာဆီယံဒေသအတွင်းမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေဟာ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောင့်အယှက်တွေဖြစ်တယ်လို့ ဒီနေ့မန္တလေးမြို့ မက်သဒစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာကျင်းပတဲ့ ဘာသာပေါင်းစုံဆွးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ JUST အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ ချန်ဒရာမူဇာဗာ(Dr. Chandra Musaffar)က ပြောပါတယ်။

အခုလိုမျိုးပဋိပက္ခတွေဆက်ဖြစ်နေရင် နိုင်ငံရေးမှာတိုးတက်မှုတွေ နှောင့်နှေးမှုရှိနိုင်သလို စီပွားရေးမှာလည်း ပြည်ပကလာရောက်ရင်းနှီးမှုတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ ဒီဘာသာရေးဆွေးနွေးပွဲကို ဦးဆောင်စီစဉ်တဲ့ ဦးနေဝင်းက ပြောပါတယ်။

ဒီနေ့တွေ့ဆုံဆွေးနွေးပွဲကို ဗုဒ္ဓဘာသာ သံဃာတော်တွေ၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေအပြင် မန္တလေးအခြေစိုက် စာရေးဆရာတွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org