မေတ္တာတရားဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပ

ထင်ရှားတဲ့သံဃာတော် ၃ ပါးနဲ့စာရေး ဆရာ ၄ ဦးတို့က မေတ္တာတရားနှင့် နိုင်ငံတော်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှန်ဂရီလာဟော်တယ်မှာ မနေ့ကပြုလုပ်ခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ဇွန်လ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ မေတ္တာတရားနဲ့ နိုင်ငံတော် ဆွေးနွေးပွဲမှာ စာရေးဆရာ ဦးဘုန်း (ဓာတု) ဆွေးနွေးစဉ် Photo: Susanna Soe Facebook

ထင်ရှားတဲ့သံဃာတော် ၃ ပါးနဲ့စာရေးဆရာ ၄ ဦးတို့က မေတ္တာတရားနှင့်နိုင်ငံတော်ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှန်ဂရီလာဟော်တယ်မှာ မနေ့ကပြုလုပ်ခဲ့ကြပါတယ်။

ဘဝအလင်းဆရာတော် အရှင်သောဘိတ၊ ရွှေညဝါဆရာတော် အရှင်ပညာသီဟ၊ ဓမ္မပီယဆရာတော် အရှင် သံဝရာလင်္ကာရ၊ စာရေးဆရာ စည်သူအောင်မြင့်၊ စာရေးဆရာ ဦးဘုန်း (ဓာတု)၊ စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)နဲ့ စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့က ဦးဆောင်ဆွေးနွေးခဲ့တာပါ။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ဘဝအလင်းဆရာတော် အရှင်သောဘိတက RFA ကို အခုလိုမိန့် ပါတယ်။

"အကုန်လုံးကတော့ မေတ္တာတရား ရှိရမယ်ပေါ့နော် မေတ္တာတရားနဲ့ နိုင်ငံတော် မေတ္တာတရားနဲ့ အတူယှဉ်တွဲနေထိုင်ရေး မေတ္တာတရားနဲ့ ဒီလူမှုပတ်ဝန်းကျင်အဖွဲ့အစည်းပေ့ါ အဓိက ကတော့ မေတ္တာတရားကို ဘယ်လိုသိမြင်လာအောင် လုပ်ကြမလဲဆိုတဲ့ပုံစံတွေ အနေအထားတွေကို သုံးသပ်ကြတာပါ နောက်တစ်ခုကတော့ ဒီမေတ္တာသုဒ်က ဒီမေတ္တာနဲ့ ပတ်သက်တဲ့အချက်လေးတွေကို ဒီ ဆရာ ဦးဘုန်း (ဓာတု)ကနေပြီး ဦးဆောင်ပြီးတော့ မေးခွန်းလေးတွေမေးပြီးတော့ ကျန်တဲ့ဆရာတော်တွေ ရှင်းပြပြီးတော့ ပြောပြကြတာပေါ့လေ"

မနေ့ကဆွေးနွေးပွဲကို နေ့လည် ၁ နာရီကနေ ၆ နာရီထိပြုလုပ်ခဲ့တာဖြစ်ပြီး အချိန်လုံလုံလောက် လောက်ဆွေးနွေးခွင့်ရကြတဲ့အတွက် အားရစရာကောင်းတယ်လို့လဲ ဆရာတော်ကမိန့်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org