ရွေးကောက်ပွဲဆန့်ကျင် အစီရင်ခံစာ ထွက်
မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ ဘန်းပြထားတဲ့ အာဏာရှင်စနစ် Competitive Authoritarianism ကို အစပြုလိုက်တာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လှည့်ဖြားထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ကျော်လွှားသိမြင်ဖို့ ဝတ္တရားရှိတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Burma Independence Advocates အဖွဲ့က အစီရင်ခံစာတစောင် မနေ့က ထုတ်ပြန်ပါတယ်။
-
2010-10-30 -
-
-
Your browser doesn’t support HTML5 audio
ဒီ အစီရင်ခံစာမှာ ၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဒုတိယ လွတ်လပ်ရေးကြိုးပမ်းမှု အဖြစ် သုံးနှုန်းထားပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်မှုဟာ ထောင်ပေါင်းများစွာသော ဒီမိုကရေစီရေး လှုပ်ရှားသူ အာဇာနည်တွေရဲ့ ကြိုးပမ်းမှုရလာဒ်အဖြစ် ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အစိုးရရဲ့ အဆင့် (၇) ဆင့်ပါ လမ်းပြမြေပုံ လုပ်ငန်းစဉ်ဟာ လှည့်ဖြားထားတဲ့ အတုအယောင် ဒီမိုကရေစီ ပြုပြင်ရေးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ထုတ်ပြန် ကြေညာခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းဟာ မြန်မာ့နိုင်ငံရေးအတွက် အဖြေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ အစီရင်ခံစာပါ အဓိကအချက် တချို့အကြောင်း ပြုစုသူ ကျောင်းသား ၄ ဦးထဲက မြန်မာကျောင်းသား ကိုဇော်နေအောင်ကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |